နောက်ထပ် ဗိုင်းရပ်စ် အပြင်းအထန်တိုက်ခိုက်မှုအတွက် သေချာစွာ ပြင်ဆင်ထားသင့်တယ်လို့ ဆိုပါတယ်

အနာဂတ်ကာလ ကပ်ရောဂါတွေဟာ COVID-19 ထက်ပင် ပိုမိုသေဆုံးစေနိုင်တာကြောင့် ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကနေ လေ့လာသင်ယူခဲ့တဲ့ သင်ခန်းစာတွေကို အချည်းနှီးမဖြစ်စေရန်နဲ့ နောက်ထပ် ဗိုင်းရပ်စ် အပြင်းအထန်တိုက်ခိုက်မှုအတွက် သေချာစွာ ပြင်ဆင်ထားသင့်ကြောင်း Oxford-AstraZeneca ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်သူတွေထဲမှ တစ်ဦးက ပြောပါတယ်။

(ပါမောက္ခ Sarah Gilbert) (Photo: John Cairns / University of Oxford)

COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၅.၂၆ သန်း သေဆုံးခဲ့ပြီးဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအချက်အလက်တွေအရ သိရှိရပါတယ်။ ကူးစက်ခံရသူကလည်း ကမ္ဘာတစ်ဝန်း ၂၆၆ သန်းကျော်ရှိခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးထိခိုက်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ထရီလီယံနဲ့ချီရှိခဲ့ပြီး ဘီလျံနဲ့ချီတဲ့ လူတွေရဲ့ဘဝများ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။



အမှန်တရားကတော့ နောက်ကပ်ရောဂါတစ်ခုက ပိုဆိုးနိုင်တာပဲ၊ ပိုမိုကူးစက်နိုင်တယ် ဒါမှမဟုတ် ပိုမိုသေဆုံးစေနိုင်တယ် ဒါမှမဟုတ် အဲဒီနှစ်ခုလုံးဖြစ်နိုင်တယ်

"အမှန်တရားကတော့ နောက်ကပ်ရောဂါတစ်ခုက ပိုဆိုးနိုင်တာပဲ၊ ပိုမိုကူးစက်နိုင်တယ် ဒါမှမဟုတ် ပိုမိုသေဆုံးစေနိုင်တယ် ဒါမှမဟုတ် အဲဒီနှစ်ခုလုံးဖြစ်နိုင်တယ်၊ ကျွန်မတို့ရဲ့အသက်တွေနဲ့ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ဗိုင်းရပ်စ်တစ်ခုရဲ့ ခြိမ်းခြောက်မှုတွေ ကြုံရတာ ဒါနောက်ဆုံးအကြိမ် မဟုတ်ပါဘူး" လို့ ကာကွယ်ဆေးကျွမ်းကျင်သူ Sarah Gilbert က ပြောပါတယ်။

(Photo: Reuters)

သူမဟာ အောက်စ်ဖို့တက္ကသိုလ် (Oxford University) ရှိ ကာကွယ်ဆေးဌာနရဲ့ ပါမောက္ခတစ်ဦးဖြစ်ပြီး COVID-19 ကာကွယ်ဆေး Oxford-AstraZeneca ထုတ်လုပ်ရေးမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကမ္ဘာက နောက်ထပ် ဗိုင်းရပ်စ်အတွက် ပိုမိုကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု သေချာစွာ လုပ်ဆောင်သင့်တယ်လို့လည်း သူမက ဆိုပါတယ်။

ကျွန်မတို့ရဲ့အသက်တွေနဲ့ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ဗိုင်းရပ်စ်တစ်ခုရဲ့ ခြိမ်းခြောက်မှုတွေ ကြုံရတာ ဒါနောက်ဆုံးအကြိမ် မဟုတ်ပါဘူး

"ကျွန်မတို့ လုပ်ခဲ့တဲ့ တိုးတက်မှုနဲ့ ကျွန်မတို့ ရရှိခဲ့တဲ့ အသိပညာကို အလဟဿဖြစ်လို့ မရဘူး" လို့ Sarahh Gilbert က ပြောပါတယ်။ ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနိုင်မှု အကန့်အသတ်ရှိနေစဥ် ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ထပ်တိုးကာကွယ်ဆေးထိုးတဲ့ booster shot အစီအစဥ်တွေ လုပ်ဆောင်နေကြတာက COVID-19 ကပ်ရောဂါ အဆုံးသတ်ရန် အားထုတ်ရာမှာ မညီမျှမှုနဲ့ အကွဲကွဲအပြားပြား ဖြစ်နေတဲ့လက္ခဏာလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ 

Source: Reuters

Share

Loading Next Article...
က္က