သူ့ရဲ့ ဒီသွင်းဂိုးကလည် အားလုံးကို မင်သက်စေခဲ့ပါတယ်။

ကာဒစ်ဇ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရိုဒရိုင်ဂိုက ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြပြီး ၂ဂိုးသွင်းယူခဲ့ကာ တဂိုးဖန်တီးပေးခဲ့ပါတယ်။ ဗလန်စီယာနဲ့ပွဲမှာလည်း ၂ဂိုးသွင်း၊ ၂ကြိမ်ဖန်တီးပေးခဲ့ပြီး သူက ရီးရဲလ်အတွက် နောက်ဆုံး ၂ပွဲမှာ ၇ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ သူ့အပေါ် ယုံကြည်မှုအပြည့်ပေးခဲ့တဲ့ အန်ဆယ်လော့တီရဲ့ ဆုံးဖြတ်ချက်ကလည်း မှန်ကန်လာခဲ့ပါပြီ။ 

ညက သူ့ရဲ့ သွင်းဂိုးတဂိုးကတော့ တကယ်ကို ပြောင်မြောက်လွန်းခဲ့ပါတယ်။ ဘယ်တောင်ပံမှာ ဘောလုံးရလာခဲ့ပြီးနောက် သူက အတွင်းကို ဆွဲဝင်ခဲ့ကာ ကာဒစ်ဇ်နောက်ခံလူ တဦးပြီးတဦးကို ကျော်ဖြတ်ခဲ့တာပါ။ စုစုပေါင်း ၄ ယောက်အထိကို လိမ်ခေါက်ခဲ့ပြီး ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို အပိုင်ကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ 



ဒီသွင်းဂိုးက သူ့ရဲ့ အရည်အသွေးကို ဖော်ပြနိုင်ခဲ့တဲ့ ဂိုးဖြစ်ပြီး တကယ်ကိုပြောင်မြောက်လွန်းခဲ့ပါတယ်။ ရာသီအစမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ပုံမှန်ခြေစွမ်းရရှိလာပြီဖြစ်ကာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတဦးအဖြစ် ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဒီရာသီ လာလီဂါမှာ သူက ၅ဂိုးသွင်းကာ ၄ကြိမ်ဖန်တိးပေးထားပြီးပါပြီ။ ဗင်နီရှပ်ဒဏ်ရာရနေပြီး သွင်းဂိုးတွေအတွက် ဘယ်လင်ဟမ်ကိုပဲ မှီခိုနေရတဲ့ ရီးရဲလ်အတွက်တော့ ရိုဒရိုင်ဂိုရဲ့ ခြေစွမ်းပြန်ပြလာမှုက စိတ်အေးစရာဖြစ်ခဲ့ရပါတယ်။ ဘရာဇီးလ်သားဟာ အချိန်ကိုက်ပဲ ပုံမှန်ခြေစွမ်းကို ပြသလာခဲ့တာလည်းဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က