အိမ်ကွင်းမှာ နောက်ကလိုက်ကစားပြီး သရေကျခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ရိုးမားတို့ရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကတော့ လေဗာကူဆင်ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပြန်ပါတယ်။ ဒီပွဲမှာ ရိုးမားက နှစ်ဂိုးအရင်သွင်းပြီး အချိန်ပိုအထိသွားဖို့ ဦးတည်ခဲ့တာပါ။



ပထမအကျော့မှာ ရိုးမားတို့ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးထားတာကြောင့် ဒီပွဲကို အထူးအာရုံစိုက်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေလည်း ရရှိခဲ့ပြီး ဒီနှစ်ဂိုးစလုံးကိုတော့ ပါရီဒက်စ်က ပင်နယ်တီကတစ်ဆင့် သွင်းယူပေးခဲ့တာပါ။

အားလုံးက ဒီတစ်ကြိမ်တော့ လေဗာကူဆင်ရဲ့ ရှုံးပွဲမရှိ စံချိန် ရပ်တန့်ပြီ၊ အချိန်ပို ဆက်ကစားရတော့မယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နောက်ကျသွင်းဂိုးတွေနဲ့ ပြန်လာနေကျ လေဗာကူဆင်တို့ ဒီပွဲမှာလည်း အရင်လိုပဲ ပြန်လာနိုင်ခဲ့ပြီး သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် (၈၂) မိနစ်မှာ ရိုးမားကစားသမား မန်စီနီ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပြီး လေဗာကူဆင်တို့ ပထမချေပဂိုး ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၇) မိနစ်မှာတော့ စတာနီဆစ်က လေဗာကူဆင်အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေကျသွားခဲ့တာပါ။

ပွဲပြီးဆုံးချိန်မှာတော့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တာကြောင့် လေဗာကူဆင်တို့ သူတို့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းနိုင်ခဲ့သလို နှစ်ကျော့ပေါင်းရလဒ် ၄-၂ ဂိုးနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က