လီဗာပူးတို့နိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့လွဲချော်ခဲ့ရပါတယ်။

လီဗာပူးကတော့ ဆာလာ၊ ဗန်ဒိုက်ချ်တို့ မပါဝင်ခဲ့ဘဲ ပထမပိုင်း (၂) မိနစ်မှာတည်းက ဦးဆောင်ဂိုးပေးလိုက်ရပါတယ်။ ဝုလ်ဗ်တိုက်စစ်မှူး ဟီမီနက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် နီတိုက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာပါ။ အဲ့ဒီနောက်မှာ လီဗာပူးက ဝုလ်ဗ်ကို အနိုင်ဂိုးရဖို့ ဆက်တိုက်ကို ဖိအားပေးကစားခဲ့ပါတယ်။ ချေပဂိုးကိုတော့ ပွဲကစားချိန် (၂၄) မိနစ်မှာရရှိခဲ့ပါတယ်။



မာနေး တယောက်တည်း လွတ်ထွက်သွားခဲ့ပြီး အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ တဖက်မှာ မန်စီးတီးက အက်စတွန်ဗီလာကို အိမ်ကွင်းမှာရှုံးနိမ့်နေခဲ့တာကြောင့် လီဗာပူးလက်ထဲ ပရီးမီးယားလိဂ်ဖလား ရောက်လာပြီလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူးကိုယ်တိုင်က အနိုင်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

တဖက်မှာ ကော်တင်ဟိုရဲ့ဂိုးနဲ့ ဂျရတ်ရဲ့ အက်စတွန်ဗီလာက မန်စီးတီးကို နှစ်ဂိုးပြတ် ဦးဆောင်ထားချိန်အထိ လီဗာပူးတို့ လိုအပ်နေတဲ့ အနိုင်ဂိုးတဂိုးကိုတောင် မသွင်းနိုင်ခဲ့ပါဘူး။ မန်စီးတီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းချိန်ကျမှ လီဗာပူးတို့လည်း ဂိုးတွေပြန်ရခဲ့ပြီး အားလုံးမျှော်လင့်ထားတဲ့ ရလဒ်တွေပဲ ထွက်ပေါ်ခဲ့ပါတယ်။

လီဗာပူးအတွက် အနိုင်ဂိုးကို ပွဲကစားချိန် (၈၄) မိနစ်မှာ ဆာလာ၊ ပွဲကစားချိန် (၈၉) မိနစ်မှာ ရော်ဘတ်ဆန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ လီဗာပူးတို့ ဦးဆောင်ဂိုးစောစောရခဲ့မယ်ဆိုရင် မန်စီးတီးရဲ့စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် တဖက်မှာ မန်စီးတီးရှုံးနေချိန်ထိ လီဗာပူးက အနိုင်မကစားနိုင်ဘဲ အဲ့ဒီအတိုင်း ပွဲပြီးခဲ့ရင်တောင် လီဗာပူးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲနိုင်ခြေရှိခဲ့တာပါ။ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ရဲ့ ဒရာမာဆန်ဆန် လှည့်ကွက်တွေကြားထဲမှာ မန်စီးတီးတို့ ဂိုးတွေပြန်ရခဲ့ပြီး လီဗာပူးကတော့ ဖလားလေးလုံးမျှော်လင့်ချက်မှာ နှစ်လုံးဆွတ်ခူး၊ အခု ပရီးမီးယားလိဂ်ကို လက်လွှတ်လိုက်ရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က