ကာရေဂါ လှောင်ပြောင်တာကိုလည်း ရှမိုက်ကယ်ကြီးက ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။

လီဗာပူးဂန္တဝင် ကစားသမားဟောင်း ကာရေဂါက လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်မယ့် အသင်းတွေအကြောင်းကို ပြောကြားတဲ့နေရာမှာ ချန်ပီယံလိဂ်ကစားခွင့်မရရှိခဲ့တဲ့ ယူနိုက်တက်နဲ့အာဆင်နယ်တို့ကို လှောင်ပြောင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီးတဲ့နောက် ယာဂင်ကလော့ပ်က လာမယ့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် လီဗာပူး သေချာတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။



ဒီအတွက် အစီအစဥ်တင်ဆက်သူ အက်ဘ်ဒိုက “လီဗာပူးက လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အစ္စတန်ဘူလ်မှာ ဘွတ်ကင်ကြိုယူထားပါပြီ။ မန်စီးတီးအတွက်ရော ဘယ်လိုလဲ” လို့ မန်စီးတီးကစားသမားဟောင်း မီကာရစ်ချက်ကို မေးမြန်းပါတယ်။ ရစ်ချက်က “ဒီအကြောင်းကို ကျနော်ဝင်မပြောချင်ပါဘူး။ တပွဲပြီးမှ တပွဲပေါ့”

“ကျနော်အရမ်းကြီးလည်း စိတ်မလှုပ်ရှားပါဘူး။ ကျနော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်းရောက်ဖူးတယ်၊ ဆီမီးဖိုင်နယ်လည်း ရောက်ခဲ့ဖူးပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ကာရေဂါကတော့ ဒီစကားဝိုင်းမှာ ပါဝင်တဲ့ အာဆင်နယ်ဂန္တဝင် အွန်နရီ၊ ယူနိုက်တက်ဂန္တဝင် ပီတာရှမိုက်ကယ်တို့ကို ရည်ရွယ်ထိုးနှက်ခဲ့ပါတယ်။

ကာရေဂါက “ကောင်းပါပြီ။ သေချာတာက ဟိုဘက်အသင်းက ယူနိုက်တက် ဒါမှမဟုတ် အာဆင်နယ်တော့ မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မဟုတ်လား” လို့ ပြောကြားခဲ့ပါတယ်။ အွန်နရီက ကာရေဂါရဲ့ စကားကို ဆိတ်ဆိတ်နေခဲ့ပေမယ့် ပီတာရှမိုက်ကယ်ကတော့ ကာရေဂါကို ချက်ချင်းတုံ့ပြန်ခဲ့ပါတယ်။

ပီတာရှမိုက်ကယ်က “ခင်ဗျားက ပြည်တွင်းဖလားတွေမှာပဲ တကယ်ကောင်းတဲ့ အသင်းကို အားပေးနေတာပဲဗျာ။ ဒီတော့ လေသံလေးလည်း နည်းနည်းလျှော့ပါဦး။ တရာသီလုံးလည်း ဆောင့်ကြွားဆောင့်ကြွား လုပ်လာပြီးပြီပဲ” လို့ တုံ့ပြန်သွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က