နောက်ပြန်ကန်ချက်နဲ့ အင်္ဂလန်ကို ကယ်တင်ခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်က ဆလိုဗက်ကီးယားနဲ့ ယူရိုရှုံးထွက်ပွဲမှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့ချိန်က ခံစားချက်နဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဆိုပါပွဲမှာ အင်္ဂလန်တို့ နောက်ဆုံးမိနစ်အထိ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့တာပါ။



ဒါပေမယ့် ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဘယ်လင်ဟမ်က နောက်ပြန်ကန်ချက်နဲ့ အင်္ဂလန်အတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ အချိန်ပို နာရီဝက် အစပိုင်းမှာတော့ ဟယ်ရီကိန်းက အင်္ဂလန်အတွက် အနိုင်ဂိုးသွင်းပေးခဲ့ပြီး အင်္ဂလန်တို့ ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။

ဒီလိုမျိုး နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် ဘယ်လင်ဟမ်က “ကျနော် လေထဲရောက်သွားချိန်မှာ စဉ်းစားမိတာက ဘုရားရေ... ငါက (၆) ပေအမြင့်ကို ရောက်နေတာပဲ။ ဒါမျိုးက ရော်နယ်ဒိုလိုပဲ။ ကျနော် ဒီဂိုးကို ပြန်ကြည့်တော့ ကျနော့်လက်တစ်ဖက်က မြက်ခင်းနဲ့ ထိနေပါတယ်”

“ဒီတော့ အရမ်းကြီး နောက်ပြန်ကန်ချက် မပီသခဲ့ဘူးပေါ့။ ဒါပေမယ့် ဒါက ကောင်းမွန်တဲ့ ထိချက်ဖြစ်ခဲ့ပါတယ်။ ဒီသွင်းဂိုးက ကျနော့်ကစားသမားဘဝအတွက် အရေးကြီးဆုံးတွေထဲက တစ်ခုနဲ့ အမှတ်ရစရာ အခိုက်အတန့်ဖြစ်ခဲ့တာတော့ သေချာပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ကွာတားဖိုင်နယ်မှာတော့ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာပါ။ ဘယ်လင်ဟမ်ကတော့ အဆိုပါပွဲမှာ ဆလိုဗက်ကီးယား အရန်ခုံတန်းဘက်လှည့်ပြီး မတော်ရာကို ကိုင်ပြခဲ့လို့​ ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က