ဆိုးလ်ရှားကတော့ နောက်ဆုံးအချိနန်ထိ ခေါင်းမာခဲ့ပုံပါပဲ။

ယူနိုက်တက်ဟာ သူတို့နည်းပြ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ မကြာခင်ကပဲ တရားဝင်ကြေညာခဲ့ပါတယ်။ မနေ့က ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့အနေအထားက အဆိုးရွားဆုံးကို ရောက်ရှိသွားခဲ့တာပါ။



တန်းတက်အသင်းတစ်သင်းရဲ့ အိမ်ကွင်းမှာ ယူနိုက်တက်ရဲ့ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းက ဘာမှအားရစရာမရှိခဲ့ဘဲ အခုလိုမျိုး အရှက်တကွဲ ဂိုးပြတ်၊ ခြေပြတ်ရှုံးနိမ့်ခဲ့ရတာကြောင့် ပွဲအပြီးမကြာခင်မှာပဲ ယူနိုက်တက်ဘုတ်အဖွဲ့က ဆိုးလ်ရှားရဲ့အနာဂတ်အတွက် အရေးပေါ်အစည်းအဝေးကျင်းပခဲ့ပါတယ်။

အဲ့ဒီအစည်းအဝေးမှာ ဆိုးလ်ရှားကို လျော်ကြေးပေးဖို့ ကိစ္စရပ်တွေပါ တစ်ပါတည်းထည့်သွင်း ဆွေးနွေးခဲ့ကြပြီး အခုချိန်မှာတော့ ဆိုးလ်ရှားကို ထုတ်ပယ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါပြီ။ ယူနိုက်တက်ဟာ လာမယ့်ပွဲစဥ်တွေအတွက် ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ကာရစ်ကို တာဝန်ယူကိုင်တွယ်စေမှာဖြစ်ပြီး ရာသီကုန်အထိ ကိုင်တွယ်မယ့် ယာယီနည်းပြကို ထပ်မံရှာဖွေသွားမှာပါ။

ဆိုးလ်ရှားအနေနဲ့တော့ ဒီလောက်ထိ ရလဒ်ဆိုးနေတာတောင်မှ သူကိုယ်တိုင် နှုတ်ထွက်သွားဖို့ ဆန္ဒမရှိခဲ့တာကြောင့်လည်း အသင်းဘက်က အခုလိုမျိုး ထုတ်ပယ်ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲအပြီး အဝတ်လဲခန်းမှာတည်းက ကစားသမားအချို့က ဒီရလဒ်ကြောင့် ဆိုးလ်ရှားအထုတ်ခံရမယ်ဆိုတာကို နားလည်သဘောပေါက်ခဲ့ပြီး ငိုကြွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သေးတာပါ။

ဆိုးလ်ရှားကတော့ သူ့ရာထူးအတွက် တတ်နိုင်သလောက် ရှေ့ဆက်ဖို့ မျှော်လင့်ထားပေမယ့် လက်ရှိအနေအထားတွေအရတော့ အသင်းက သူ့ကိုထုတ်ပယ်ဖို့လမ်းတစ်ခုသာ ရွေးချယ်စရာရှိခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဂန္တဝင်ကစားသမားဖြစ်ခဲ့တဲ့ ဆိုးလ်ရှားကို ရာထူးက ထုတ်ပယ်တယ်လို့ အသုံးပြုလိုခြင်းမရှိဘဲ ကတ္တီပါလမ်းခွဲအဖြစ်သာ သုံးနှုန်းချင်ခဲ့သေးတာပါ။

ယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုကတော့ ဆိုးလ်ရှားကို ထုတ်ပယ်ပြီးနောက် ရီးရဲယ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို အရခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေသလို အဲရစ်တန်ဟက်ခ်၊ ဘရန်ဒန်ရော်ဂျာနဲ့ ပိုချက်တီနိုတို့လည်း ယူနိုက်တက်နည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က