ရာသီကုန််မှာ အသင်းနဲ့ လမ်းခွဲတော့မှာပါ။

ဒေါ့မွန်ပရိသတ်တွေ၊ ဘောလုံးပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ မာကိုရူးစ်ကတော့ ရာသီကုန်မှာ ဒေါ့မွန်နဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒီကစားသမားကြီးဟာ အသင်းမှာ လူငယ်ကစားသမားဘဝကို အစပြုခဲ့တဲ့ ကစားသမားပါ။



အဲ့ဒီနောက် မိုချန်ဂလာဘတ်ကို သွားရောက်ကစားခဲ့ပြီး (၂၀၁၂) မှာတော့ ဒေ့ါမွန်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ဒေါ့မွန်မှာ (၁၂) နှစ်တာ ကစားပေးခဲ့ပြီးတဲ့နောက်မှာတော့ ဒီဂျာမနီလက်ရွေးစင် ကစားသမားကြီးက အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မာကိုရူးစ်ဟာ ဒေါ့မွန်နဲ့အတူ ဂျာမနီစူပါဖလား၊ ဂျာမနီပိုကယ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီနောက် ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်ရောက်ခဲ့ဖူးပေမယ့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

သူ့အနေနဲ့ ဒေါ့မွန်က ထွက်ခွာပြီးတဲ့နောက် ဘယ်အသင်းမှာ ကစားမယ်ဆိုတာကို ဆုံးဖြတ်ရခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ပရိသတ်တွေကတော့ မာကိုရူးစ်ရဲ့ ဒေါ့မွန်ကနေ ထွက်ခွာသွားတော့မယ့်အပေါ် နှမြောတသဖြစ်နေကြပါတယ်။

မာကိုရူးစ်ဟာ ဒဏ်ရာပြဿနာတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကိုလည်း ဆက်တိုက် ခံခဲ့ရတဲ့ ကစားသမားပါ။ ဘယ်လောက်ပဲ ခြေစွမ်းကောင်းတွေပြနေပါစေ၊ နိုင်ငံတကာပြိုင်ပွဲကြီးတွေနီးလာပြီဆိုရင် ဒဏ်ရာရလေ့ရှိတာကြောင့် သူ့ရဲ့ ကစားသမားဘဝမှာ အဓိကပြိုင်ပွဲကြီးတွေနဲ့ လွဲချော်ခဲ့ဖူးတဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က