နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဖြစ်သွားခဲ့တာပါ။

နယူးကာဆယ်ကို နောက်ကျအနိုင်ဂိုးသွင်းအပြီး အသင်းအတွက် အောင်ပွဲခံခဲ့ရာမှာ အဲဗာတန်နည်းပြဖရန့်လမ်းပတ်က သူ့လက်ကျိုးသွားတယ်လို့ ဝန်ခံလိုက်ပါတယ်။ တန်းဆင်းဇုန်ထဲမရောက်ဖို့နဲ့ ရာသီကုန်မှာ ပရီးမီးယားလိဂ်မှာတင်ကျန်ရစ်ဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ဟာ အီဝိုဘီရဲ့ နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ နယူးကာဆယ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီနိုင်ပွဲဟာ လမ်းပတ်လက်ထက် ဒုတိယမြောက်နိုင်ပွဲဖြစ်လာခဲ့ပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်ကိုရောက်လာခဲ့ပြီးနောက် လမ်းပတ်က အသင်းကို​ေပြာင်းလဲနိုင်မယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ရလဒ်တွေဆိုးရွားနေခဲ့ပြီး တန်းဆင်းရမယ့် အရေးနဲ့ပါ အဲဗာတန်ကရင်ဆိုင်နေရပြီး နယူးကာဆယ်ကို နိုင်ပွဲက အရေးပါခဲ့ပါတယ်။ 



အီဝိုဘီ ဂိုးသွင်းပြီးနောက် လမ်းပတ်ဟာ ကွင်းဘေးစည်းနားမှာ အားပါးတရအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ အောင်ပွဲခံခဲ့သလို တဦးတည်းလည်း အောင်ပွဲခံခဲ့ရာမှာ သူ့ဟန်ပန်အတိုင်း လက်တွေကို အားပါးတရဝှေ့ယမ်းကာ အင်အားအပြည့်နဲ့ အောင်ပွဲခံခဲ့ပြီး မတော်တဆလက်ကျိုးသွားခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 



ပွဲအပြီးမှာ လမ်းပတ်က Amazon Prime ကို ပြောဆိုခဲ့ရာမှာ "အောင်ပွဲခံနေချိန်အတွင်း ကျနော့်လက်ကျိုးသွားတယ်၊ ကျနော်တို့ ၃ မှတ်ယူနိုင်ခဲ့တယ်၊ သွင်းဂိုးအတွက် အောင်ပွဲခံခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဘာဖြစ်သွားမှန်း ကျနော်မသိတော့ဘူး၊ နည်းနည်းတော့ နာနေပေမယ့် ကျနော်ဂရုမစိုက်ပါဘူး၊ အံ့အားသင့်စရာညပါ၊ ကျနော်တို့အတွက်လည်း အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ လျှောက်ရမယ့်ခရီးက ဝေးကွာလို့ ဒီလိုညတွေကို လိုအပ်နေလို့ပါ" လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အဲဗာတန်ဟာ တန်းဆင်းဇုန်ထိပ်ဆုံးက ဝက်ဖို့ဒ်နဲ့ ၃ မှတ်အကွာကို ရောက်ရှိသွားပြီကာ လက်ကျန် ၂ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ 

Share

က္က