မနေ့ညက ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ အီတလီပွဲကတော့ ပရိသတ်တွေကို နောက်ဆုံးမိနစ်အထိ ရင်ခုန်မှုတွေ ပေးစွမ်းခဲ့ပါတယ်။ ဒီပွဲက တစ်ဂိုးစီ သရေကျခဲ့ပြီး ခရိုအေးရှားတို့ အုပ်စုအဆင့်ကနေ လှည့်ပြန်ဖို့ သေချာသလောက်ရှိသွားစေတဲ့ ရလဒ်တစ်ခုပါ။
ဒီပွဲမှာ ဦးဆောင်ဂိုးအရင်ရခဲ့တာက ခရိုအေးရှားဖြစ်ပါတယ်။ ပင်နယ်တီရခဲ့ပေမယ့် မိုဒရစ်ရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပင်နယ်တီအပြီး စက္ကန့်ပိုင်းအကြာမှာတင် မိုဒရစ်က ခရိုအေးရှားအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။
ဒီဂိုးနဲ့ပဲ ပွဲကစားချိန် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၇) မိနစ်အထိ ခရိုအေးရှားတို့ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမိနစ်မှာတော့ အီတလီနောက်ခံလူ ကာလာဖီအိုရီ ခင်းပေးလိုက်တဲ့ ဇက်ကာနီက လှလှပပ အဆုံးသတ်ကန်သွင်းပြီး အီတလီအတွက် အဖိုးတန်သရေတစ်မှတ် ရယူပေးခဲ့ပါတယ်။
ဒီပွဲမှာသာ ရှုံးနိမ့်သွားခဲ့ရင် အီတလီတို့ နောက်တစ်ဆင့်တက်ရောက်ဖို့ တော်တော်ခက်သွားမှာပါ။ အကောင်းဆုံး အုပ်စုတတိယနေရာကို မျှော်လင့်ခွင့်ရှိပေမယ့် ရမှတ် (၃) မှတ်တည်း ရထားတာက အန္တရာယ်များပါတယ်။
ခရိုအေးရှားကတော့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာလည်း နောက်ဆုံးမိနစ်မှ ချေပဂိုးပေးရတယ်၊ အခု အီတလီနဲ့ပွဲမှာလည်း နောက်ဆုံးမိနစ်မှ ချေပဂိုးပေးရပြီး အမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် ရမှတ် (၂)မှတ်တည်းနဲ့ အုပ်စုကနေ ထွက်လိုက်ရတာပါ။ ဒီအုပ်စုမှာ စပိန်က ရာနှုန်းပြည့် နိုင်ပွဲရရှိခဲ့ပြီး အီတလီကတော့ အုပ်စုဒုတိယနေရာကို ရရှိခဲ့ပါတယ်။