ဒီဇင်ဘာလထဲ ပြည်တွင်းဈေးကွက်မှာ ဖြန့်ချိသွားမှာပါ

အဆင့်မြင့်နည်းပညာသစ်တွေ ပါဝင်ပြီး အကောင်းဆုံး ဖျော်ဖြေရေးအတွေ့အကြုံသစ်တွေ ပါဝင်တဲ့ Samsung ရဲ့ Neo QLED 8K နဲ့ QLED 4K TV သစ်တွေ ပြည်တွင်းဈေးကွက်မှာ ဝင်ရောက်လာပြီလို့ ဆိုပါတယ်။

Samsung ရဲ့ နောက်ဆုံးပေါ် TV အမျိုးအစားသစ်တွေဟာ ဆွဲဆောင်မှုရှိပြီး ပါးလွှာတဲ့ ဒီဇိုင်း ၊ အသံအကူ Voice Assistant ထောက်ပံ့မှု ၊ ပြင်ပပုံရိပ်အတိုင်း အရောင်အသွေးစုံစုံလင်လင် စိုစိုပြေပြေ ကြည့်ရှုခံစားနိုင်မယ့် အရောင်ချိန်ညှိစနစ် ၊ ကျန်းမာရေးစောင့်ကြည့်မှု နည်းပညာနဲ့ အခြေအနေပေါ် လိုက်ပြီး အလိုအလျောက် အသံချိန်ညှိနိုင်မယ့်စနစ် Real-Time Audio Scenic Intelligence စတဲ့ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေနဲ့ တည်ဆောက်ထားပြီး တမူထူးခြားတဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေပါ အထောက်အပံ့ပေးထားပါတယ်။



QLED TV သစ်တွေမှာ Quantum Processor 4K Lite နဲ့ 100% Colour Volume Technology နည်းပညာတွေ ပါဝင်တာကြောင့် 4K ရုပ်ထွက်ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်မယ်လို့ ဆိုပါတယ်။ Auto Low Latency Mode ပါတာကြောင့် လှုပ်ရှားမှုမြန်ဆန်တဲ့ဂိမ်းတွေ ကစားရာမှာ အထစ်အငေါ့မရှိ ကြည်လင်ပြတ်သားမှုအပြည့်နဲ့ ကြည့်ရှုခံစားနိုင်မှာပါ။ 



QLED TV သစ်တွေမှာ AI အခြေပြု ပတ်ပတ်လည် အသံစနစ်နဲ့ ကြည့်တဲ့ Content (ရုပ်ရှင် ၊ Gaming ၊ အားကစား ၊ Streaming စသည်) ပေါ်လိုက်ပြီး TV ထဲက သက်ဆိုင်ရာ စပီကာတွေဆီ အကောင်းဆုံးအသံစနစ် ပို့ဆောင်ပေးနိုင်တဲ့ Object Tracking Sound Lite (OTS Lite) လုပ်ဆောင်ချက်တွေပါ ထည့်ထားတာကြောင့် အသံနားထောင်မှုမှာ အကောင်းဆုံးခံစားနားဆင်နိုင်မယ်လို့ ဆိုပါတယ်။

Neo QLED 8K TV ဟာ Screen အပြည့်ခံစားမှု ပေးနိုင်ဖို့ ပါးလွှာတဲ့ ဘေးဘောင်နဲ့ Infinity O ဒီဇိုင်းကို သုံးထားပြီး Neo Quantum Processor 8K သစ်နဲ့ Local Brightness Booster အလင်းချိန်စနစ်တွေ ထည့်ထားတာကြောင့် ကျယ်ပြန့်ပြီး အသေးစိတ်ကြည်လင်ပြတ်သားတိကျတဲ့ ရုပ်ထွက်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ Screen ၄ ခုအထိ ခွဲကြည့်နိုင်မယ့် Multi Viewing စနစ်ပါရှိတဲ့အပြင် Quantum Matrix Technology Pro နည်းပညာနဲ့ AI Upscaling နည်းပညာတွေ ထည့်သွင်းထားတာကြောင့် ကြည့်သမျှ အစီအစဉ်တိုင်းနဲ့ Gaming ကစားမှုတိုင်းမှာ စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 

အသံအရည်အသွေးပိုင်းအနေနဲ့ Neo QLED 8K TV မှာ သုံးထားတဲ့ SpaceFit နည်းပညာဟာ ပတ်ဝန်းကျင်ရဲ့ ဆူညံသံတွေပေါ် လိုက်ပြီး အလိုအလျောက် အသံထွက်စနစ်ကို လိုသလို ချိန်ညှိပေးတဲ့အပြင် OTS Pro နည်းပညာနဲ့ပါ အသံကို အကောင်းဆုံးနဲ့ ကြည်လင်ပြတ်သားမှုအရှိဆုံးဖြစ်အောင် ဖန်တီးပေးသွားမှာပါ။ 




Samsung TV သစ်တွေမှာ နေရောင်ခြည်စွမ်းအင်သုံး Remote Cotrol တွေထည့်သွင်းထားပါတယ်။ ဒီ Remote Control တွေမှာ တစ်ခါသုံးဘက်ထရီအစား ပြန်ပြန်အားသွင်းနိုင်မယ့် Rechargable Battery နဲ့ လာပြီး နေရောင်ခြည်နဲ့ပါ အားပြန်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ စွမ်းအင်အသုံးပြုမှုအပိုင်းမှာလည်း ဒီ Remote Control တွေဟာ သာမန် Remote Control တွေထက် စွမ်းအင်အသုံ့းပြုမှု ၈၆% အထိ လျှော့ချပေးနိုင်အောင် Samsung က ဖန်တီးထားပါတယ်။ 

Samsung နောက်ဆုံးပေါ် QLED ၊ Neo QLEd နဲ့ Neo QLED 8K TV သစ်တွေကို လာမယ့် ဒီဇင်ဘာလထဲ ဈေကွက်မှာ စတင် ရောင်းချသွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က