vivo Y36 ကို သင့်တင့်တဲ့ လုပ်ဆောင်ချက် နည်းပညာတို့နဲ့ ကြေညာထားတာပါ

စျေးကွက်ရှေ့ဆောင်နည်းပညာအမှတ်တံဆိပ်တစ်ခုဖြစ်သည့် vivo သည် ၎င်း၏ကျော်ကြားသော Y series မှ အထူးမျှော်လင့်စောင့်စားနေခဲ့ရသည့် Y36 ကို ဂုဏ်ယူစွာ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

အံ့ဩမှင်သက်ဖွယ်ရာဒီဇိုင်းနှင့် အထင်ကြီးလောက်စရာ ကင်မရာ စွမ်းဆောင်ရည်တို့ဖြင့် Y36 သည် အပြောင်မြောက်ဆုံးလက်ရာတစ်ခုလည်းဖြစ်သည်။ Premium Crystal Glass ဖြင့်ပြုလုပ်ထားပြီး 44W FlashCharge, 5000 mAh Battery, 8 GB + 8 GB Extended RAM နှင့် 50 MP HD Main Camera တို့ကြောင့် ပြိုင်ဘက်များအကြား Y36 သည် သိသာထင်ရှား ခြားနားနေမည်ဖြစ်သည်။

ထိုအချက်နှင့် အင်္ဂါရပ်တို့က Y36 ၏ဖန်တီးမှုကို ဖော်ညွှန်းပြသနေခြင်းဖြစ်ပြီး ၎င်း၏စွဲမက်ဖွယ်ဒီဇိုင်းက vivo အား စျေးကွက်အတွင်း အကောင်းဆုံးလက်ရာတစ်ခုအဖြစ် လူအများသတ်မှတ်သည့်အချက်ကို သက်သေပြလျက် ရှိသည်။  

vivo Y36 သည် အမြင်လှပသောဒီဇိုင်းလက်ရာအပြင် ပရော်ဖက်ရှင်နယ်ဆန်သောစွမ်းဆောင်ရည်ကို ကိုယ်စားပြုပြီး၊ စမတ်ဖုန်းရွေးချယ်ရာတွင် အထက်ပါအချက်နှစ်ခုလုံးကို တန်ဖိုးထားသူတို့အတွက် အကောင်း မွန်ဆုံးရွေးချယ်မှုတစ်ခုလည်းဖြစ်သည်။ Y36 ၏ကြည်နူးနှစ်သက်ဖွယ်အလှတရားသည် ကျက်သရေ ရှိသော ခံစားချက်နှင့်အတွေအကြုံကို လိုလားသူတို့အတွက် မြတ်နိုးဖွယ်တစ်ခုဖြစ်နေမည်မှာသေချာသည်။

Premium Crystal Glass ဖြင့်ဖန်တီးပုံဖော်ထားပြီး ၎င်း၏မြတ်နိုးဖွယ်အလှတရားကို Luxury ဆန်ပြီး ချောမွေ့ ပြောင်လက်သည့် မျက်နှာပြင်က ပံ့ပိုးပေးထားသည်။ Golden Ripple Process ဟုခေါ်သည့် ရွှေရောင်လှိုင်းတွန့်သဏ္ဍန် မှန်နောက်ကျောဘက်သည် မျက်စိ ပသာဒဖြစ်ဖွယ်အလှနှင့် ဆွဲဆောင်လျက် ရှိသည်။

2.5D Flat Frame ဖြင့်ချောမွတ်သောမျက်နှာပြင်နှင့်ကိုယ်ထည်က ထူးခြားပေါ်လွင်သော ဒီဇိုင်းအမြင်ကို ဖြစ်ပေါ်စေပါသည်။ Y36 ၏ Fantasy Frame ကလည်း၎င်း၏လူငယ်ဆန်ပြီး ထူးခြားသောအသွင်ကို ပံ့ပိုးပေးလျက်ရှိသည်။  

vivo Myanmar ၏ CEO ဖြစ်သည့် Mr. Nelson Ni မှ "ကျွန်တော်တို့ vivo ရဲ့ Y series ကနည်းပညာပိုင်းဆိုင်ရာထူးခြားမှုများကို မဆုတ်မနစ်လုပ်ဆောင်လျက်ပြီး တစ်ချိန်တည်းမှာပဲ ထူးခြားဆွဲဆောင်မှု ရှိသောဒီဇိုင်းများကိုလည်း အသုံးပြုသူများနဲ့ပိုမိုနီးစပ်အောင်ဖန်တီးလျက်ရှိပါတယ်။

အသစ်ထွက်ရှိလာတဲ့ Y36 မှာဆိုရင် မျက်စိပသာဒဖြစ်ဖွယ်ဒီဇိုင်းနှင့်  ထူးခြားသော စွမ်းရည်တို့ကိုပါရရှိနိုင်အောင်ဖန်တီးထားပြီး အသုံးပြု သူတို့ရဲ့ အခြေခံလိုအပ်ချက်များအပေါ် ဦးစားပေးဖန်တီးထားပြီး ယုံကြည်မှုအပြည့်နဲ့ နည်းပညာ လောကထဲ ရောက်လာတာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။ 

Y36 တွင် လျင်မြန်သော 44W FlashCharge နည်းပညာပါဝင်ပြီး မိုဘိုင်းဖုန်းဘက်ထရီနည်းပညာအတွက် ပြောင်းလဲမှုတစ်ခုလည်းဖြစ်ရာ  ဖုန်းကိုလျင်မြန်စွာအားသွင်းနိုင်ပြီး အားလျော့ကျ မှုကိုလည်းသက်သာစေပါသည်။

5000 mAh  battery ပါဝင်သည့် Y36 သည် အသုံးပြုချိန်ကိုပိုမိုကြာရှည်အောင်ထိန်းထားနိုင်သည့်အပြင် မကြာခဏအားသွင်းရန်မလိုအောင် စွမ်းဆောင်ပေးသည်။

Y36 တွင် ပေါင်းစပ်ပါဝင်သည့် 44W FlashCharge နည်းပညာနှင့် high-capacity ဘက်ထရီက အလုပ်များကို အဟန့်အတားမရှိပြီးမြောက်အောင် ဆောင်ရွက် ပေးနိုင်သည်။ Y36 တွင်ထပ်တိုးပါဝင်လာသည့် 8 GB + 8 GB Extended RAM ကအဟန့်အတားမရှိ လျင်မြန်သော အတွေ့အကြုံကို ရရှိစေနိုင်ပါသည်။

စွမ်းဆောင်ရည်မြင့်သည့် Qualcomm Snapdragon 680 Mobile Platform ဖြင့် Y36 သည် အဆင်ပြေချောမွေ့ပြီး မြင့်မားသည့်စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပါသည်။ ၎င်း၏ မြင့်မားသော CPU စွမ်းရည်၊ GPU စွမ်းရည်တို့က multitasking လုပ်ဆောင်မှုများတွင် ပိုမိုလျင်မြန်စေပြီး အကောင်းဆုံး စွမ်းဆောင်ရည်ကို ပံ့ပိုးပေးနိုင်မှာဖြစ်သည်။ 

vivo Y36 သည် မိုဘိုင်းဓာတ်ပုံပိုင်းတွင်လည်း ထူးခြားသော နည်းစနစ်တို့ဖြင့်ပုံဖော်ထားသည်။ အံ့အားသင့်ဖွယ် 50MP HD Main Camera က ပုံများရိုက်ကူးရာတွင် ပြတ်သားသောအရည်အသွေး၊ လှပရွှန်းစိုသော အရောင်အသွေးတို့ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။

ထပ်မံ၍ 2MP Bokeh Camera ကလည်း အလှပုံများ ရိုက်ကူးရာတွင် depth-of-field effects ဖြင့်ပြည့်စုံစေသည်။ အရေးကြီးဆုံးအချက်တစ်ခုဖြစ်သည့် selfie ရိုက်ကူးရာတွင်လည်း Y36 ၏ 16 MP HD Front Portrait Camera က Crystal ကဲ့သို့ကြည်လင်သော Self-portraits များကိုရရှိစေနိုင်ပါသည်။

ထပ်မံပါဝင်လာသည့် ထူးခြားသော Double Exposure feature ကသင့်၏ဓာတ်ပုံများကို အနုပညာဆန်သည့်လက်ရာများအဖြစ်ထူးခြားစေပါသည်။ 

အသစ်စက်စက်ထွက်ရှိလာသည့် vivo Y36 တွင်ညှို့အားကောင်းပြီးဖမ်းစားနိုင်သည့် ဒီဇိုင်းအလှတရားနှင့် အရည်အသွေးကောင်းမွန်လှသည့် ကွာလတီတို့ကပြည့်စုံစေသည်။

ပါးလွှာသည့်ဘေးဘောင်ဒီဇိုင်းကလည်း ဖုန်း၏ရိုးရှင်းသောအလှတရားကိုထောက်ပံ့ပေးလျက်ရှိသည်။ vivo Y36 သည် ဒီဇိုင်းအလှတရားနှင့် စွမ်းဆောင်ရည် နှစ်ခုစလုံးဖြင့် အချိန်ကာလတိုင်းတွင် လိုက်ဖက်ညီသောရွေးချယ်စရာတစ်ခုဖြစ်သည်။ 

vivo Y36 ကို စျေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ၆၆၉,၈၀၀ ကျပ် ဖြင့် pre-order စတင်မှာယူနိုင်ပြီဖြစ်ပြီး preorder gift အဖြစ် vivo travel bag တစ်လုံး၊ vivo Y36 T-shirt တို့ကို မှာယူသူတိုင်းအား လက်ဆောင် ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။  

vivo Myanmar Press Release ကို ပြန် တင်ဆက်ခြင်း ဖြစ်ပါတယ်


Share

Loading Next Article...
က္က