အယ်လ်နာဆာကလည်း ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။

ဆော်ဒီကလပ် အယ်လ်နာဆာဟာ မနေ့က ကစားခဲ့တဲ့ အာရပ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ မွန်နာစတဲကို ၁-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။



ပထမပိုင်းမှာ အယ်လ်နာဆာတို့ တာလီစကာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပွဲကစားချိန် (၆၆) မိနစ်မှာတော့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ချေပဂိုးပြန်ပေးလိုက်ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၇၄) မိနစ်မှာတော့ အယ်လ်နာဆာတို့ ဦးဆောင်ဂိုး ပြန်လည်ရရှိခဲ့ပါတယ်။


တောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက အမှားအယွင်းမရှိ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး အယ်လ်နာဆာတို့ နိုင်ပွဲရရှိဖို့ အစပြုခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ (၈၈) မိနစ်၊ မိနစ် (၉၀) တို့မှာ အယ်လ်အမ်မရီ၊ အီလီဝီတို့ရဲ့ သွင်းဂိုးတွေ ထပ်မံရရှိခဲ့ပြီး အယ်လ်နာဆာတို့ ၁-၄ ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် အယ်လ်နာဆာတို့ အုပ်စုတက်ဖို့ အခွင့်အရေးရှိလာခဲ့သလို ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက နိုင်ပွဲပျောက်ဆုံးမှုကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်လည်း ဂျပန်မှာ ကစားတဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာကတည်းက ဂိုးပေါက်ပျောက်ဆုံးလို့ ဖိအားများနေမှုကို ပြန်လည် လျှော့ချနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာဟာ ဥရောပကလပ်တွေနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေကစလို့ အခု အုပ်စုအဖွင့်ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ ရော်နယ်ဒိုလည်း အလားတူပဲဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဂိုးပေါက်ပြန်တွေ့သွားခဲ့တာကြောင့် အယ်လ်နာဆာအတွက်ရော၊ ရော်နယ်ဒိုအတွက်ရော ဖိအားလျော့စေခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က