ဟာဇက်ကို ခေါ်ဖို့ လိုင်လီဥက္ကဌကိုယ်တိုင်က ထုတ်ပြောလာတာပါ။

ရီးရဲယ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတဲ့ ဟာဇက်ကို ခေါ်ယူဖို့ သူ့အသင်းဟောင်း လိုင်လီကလည်း စိတ်ဝင်စားလာခဲ့ပြီး ဒီအကြောင်းကို လိုင်လီဥက္ကဌ လီတန်ကိုယ်တိုင်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။



ဟာဇက်ဟာ (၂၀၁၉) မှာ ရီးရဲယ်မက်ဒရစ်ကို ရောက်ရှိခဲ့ပေမယ့် အခုချိန်ထိ ပုံမှန်ခြေစွမ်းမပြသနိုင်သေးဘဲ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်နေရဆဲပါ။ လက်ရှိ ရီးရဲယ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကတော့ ဟာဇက်ကို သူ့အတွက် ဦးစားပေး ကစားသမားအဖြစ် သတ်မှတ်ထားခြင်းမရှိပါဘူး။

အဲ့ဒါကြောင့်လည်း ဟာဇက်အနေနဲ့ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် အသင်းဟောင်း ချဲလ်ဆီးကို ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး အခုချိန်မှာတော့ သူ့ရဲ့ ကစားသမားဘဝကို အရောင်တင်ပေးခဲ့တဲ့ လိုင်လီနဲ့ပါ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။

လိုင်လီဥက္ကဌ လီတန်ကလည်း “ဟာဇက် လိုင်လီကို ပြန်လာဖို့လား? ဒါ မဖြစ်နိုင်စရာ ကိစ္စတခုမှ မဟုတ်တာ။ လိုအပ်လာရင် ကျနော် ကိုယ်တိုင် စပိန်ကို လိုက်သွားမှာပါ။ ဒါက မဖြစ်နိုင်တာမျိုးလည်းရှိတာပဲလေ။ သေချာတာတခုကတော့ ဟာဇက်က အရည်အချင်းပြည့်ဝတဲ့ အံ့အားသင့်ဖွယ် ကစားသမားတယောက်ပါ”

“အခုချိန်မှာ သူက ရီးရဲယ်မက်ဒရစ် ကစားသမားတယောက်ဖြစ်ပြီး ရီးရဲယ်မက်ဒရစ်နဲ့လည်း စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတယောက်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟာဇက်ဟာ သူ့ရဲ့ ကစားသမားဘဝကို (၂၀၀၇) မှာ လိုင်လီနဲ့အတူ အစပြုခဲ့တာပါ။

အဲ့ဒီနောက် ဟာဇက်က အသင်းမှာ (၂၀၁၂) အထိ ကစားသွားခဲ့ပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဟာဇက်ဟာ လိုင်လီအတွက် (၅) နှစ်ကြာ ကစားပေးခဲ့တဲ့ အတောအတွင်း သွင်းဂိုး (၅၀) သွင်းယူပေးခဲ့ပြီး (၂၀၁၀-၁၁) ဘောလုံးရာသီမှာ လိုင်လီနဲ့အတူ လိဂ်ဖလားနဲ့ ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က