စလော့ကို (၃) နှစ်စာချုပ်နဲ့ ခေါ်လိုက်တာပါ။

လီဗာပူးကတော့ ဖီယင်နုနည်းပြ အာနေးစလော့ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ စလော့ဟာ လီဗာပူးနဲ့ (၃) နှစ် စာချုပ်ချုပ်ဆိုသွားမှာလည်း ဖြစ်ပါတယ်။



လီဗာပူးဟာ အသင်းနဲ့ (၉) နှစ်ကြာ လက်တွဲခဲ့တဲ့ ယာဂင်ကလော့ပ်နဲ့ လမ်းခွဲခဲ့ရပြီးနောက် တစ်ရက်အကြာမှာပဲ စလော့ကို နည်းပြသစ်အဖြစ် ကြေညာခဲ့တာပါ။ ကလော့ပ်ကလည်း သူ့ရဲ့ နောက်ဆုံးပွဲအပြီးမှာ စလော့ရဲ့နာမည်ကို အော်ဟစ်ကာ လီဗာပူးပရိသတ်တွေနဲ့အတူ ကြိုဆိုခဲ့ပါတယ်။

စလော့ဟာ နယ်သာလန်မှာ နည်းပြအဖြစ် (၅) နှစ်ကြာ ကျင်လည်ခဲ့သူပါ။ (၂၀၁၉) ကနေ (၂၀၂၄) အထိ နယ်သာလန်ကလပ်နှစ်သင်းဖြစ်တဲ့ အေဇက်အယ်လ်ခမာ၊ ဖီယင်နုတို့ကို ကိုင်တွယ်ခဲ့ပါတယ်။ ဖီယင်နုမှာတော့ သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၂-၂၃) ဘောလုံးရာသီမှာ စလော့က ဖီယင်နုကို နယ်သာလန်အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခု နောက်ဆုံးရာသီမှာလည်း နယ်သာလန်ပြည်တွင်းဖလားကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

(၂၀၂၂) ခုနှစ်မှာလည်း စလော့က ဖီယင်နုနဲ့အတူ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာကို ရရှိခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ဖီယင်နုက မော်ရင်ဟိုရဲ့ရိုးမားကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ တန်ဟက်ခ်ကို ယူနိုက်တက်က လွန်ခဲ့တဲ့ (၂) နှစ်မှာ ခေါ်ယူခဲ့ပြီးတဲ့နောက် စလော့ကို လီဗာပူးက အခုချိန်မှာ ခေါ်ယူခဲ့တာဖြစ်ပြီး တန်ဟက်ခ်လို အခြေအနေဆိုးမလား၊ တန်ဟက်ခ်ထက် သာမလား စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က