ဒီ အမွှာလေးတွေနဲ့ဆိုရင် သားသမီး ၆ ဦးအထိ ရော်နယ်ဒို ပိုင်ဆိုင်တော့မှာပါ။

နောက်ထပ်မွေးဖွားလာမယ့် အမွှာလေးနှစ်ဦးဟာ ယောကျ်ားလေးတဦး နဲ့ မိန်းကလေးတဦးဖြစ်တယ်လို့ ရော်နယ်ဒိုတို့ စုံတွဲက ကြေညာလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာဟာ ၅ လအရွယ် ကိုယ်ဝန်ဆောင်ထားတာဖြစ်ပြီး လူမှုကွန်ရက်ကတဆင့် ကြေညာသွားခဲ့တာလည်းဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဂျော်ဂျီနာက ကိုယ်ဝန်လွယ်ထားရပြီလို့ ကြေညာခဲ့တာဖြစ်ပြီး အခုအခါမှသာ အမွှာလေးတွေဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ ကလေး ၆ ဦးရဲ့ ဖခင်ဖြစ်လာတော့မှာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဗီဒီယိုဖိုင်နဲ့တဆင့် အားလုံးကို အသိပေးသွားခဲ့တာဖြစ်ပါတယ်။ 


ရော်နယ်ဒိုဟာ သားအကြီးဆုံးဖြစ်တဲ့ ဂျူနီယာရော်နယ်ဒိုကို အမည်မဖော်လိုတဲ့အမျိုးသမီးတဦးနဲ့ ရယူခဲ့တာဖြစ်ပြီး ကျန်ကလေးတွေကတော့ ဂျော်ဂျီနာနဲ့ ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ဟာ လက်ထပ်ရခြင်းမရှိသေးဘဲ အတူနေချစ်သူအဖြစ်နဲ့သာ နေထိုင်နေသေးကာ ရင်သွေးလေးတွေ ဆက်တိုက်ရယူနေခဲ့တာလည်းဖြစ်ပါတယ်။ 

ရော်နယ်ဒိုက "အမွှာလေးတွေရရှိဖို့ မျှော်လင့်ရတော့မယ်ဆိုတာကို ကြေညာလိုက်ရလို့ ဝမ်းသာမိပါတယ်၊ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေပြီး သူတို့ကို မြင်တွေ့ရဖို့ကို မစောင့်ဆိုင်းနိုင်တော့ဘူး" လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့အင်စတာဂရမ်ကတဆင့် ရော်နယ်ဒိုက ကြေညာခဲ့ပြီးနောက် ယူနိုက်တက်အသင်းဖော်ရက်ရှ်ဖို့ဒ်က ဂုဏ်ပြုစကားပြောဆိုခဲ့ပါသေးတယ်။ 

ပေါ်တူဂီတိုက်စစ်မှူးတို့ စုံတွဲဟာ အသက် ၁၁ နှစ်အရွယ် ဂျူနီယာရော်နယ်ဒို၊ သမီး အယ်လန်နာ၊ အမွှာလေးတွေဖြစ်တဲ့ အီဗာနဲ့ မက်တီယိုတို့ကို ပိုင်ဆိုင်ထားပြီး နောက်ထပ်တကြိမ်အမွှာလေးတွေ ထပ်မွေးမှာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဂျော်ဂျီနာကလည်း အာလ်ထရာဆောင်းရိုက်နေတဲ့ ပုံကို သူမရဲ့ လူမှုကွန်ရက်မှာ

ဖော်ပြခဲ့ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်းကိုလည်းး အသိပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က