နှစ်ဂိုးစလုံး နောက်တန်းအမှားကြောင့် ပေးလိုက်ရတာပါ။

မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်နဲ့ အင်တာမီလန်တို့ရဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ အိမ်ရှင် အက်သလက်တီကိုက ဒေါ့မွန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဒေါ့မွန်တို့ ပွဲကစားချိန် (၄) မိနစ်မှာတင် စောစောစီးစီး ဦးဆောင်ဂိုး စပေးခဲ့ရတာပါ။



နောက်တန်းမှာ လူပေးမှားတာကတစ်ဆင့် အက်သလက်တီကို ကွင်းလယ်လူ ရိုဒရီဂိုဒီပေါလ်က အက်သလက်တီကိုအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ရဲ့ နောက်တန်းအမှားက ဒီမှာတင် မပြီးသွားခဲ့ပါဘူး။

ပွဲကစားချိန် (၃၂) မိနစ်မှာလည်း အသင်းဖော်အချင်းချင်း မလိုအပ်ဘဲ လူထပ်နေပြီး ဘောလုံးဆုံးရှုံးခဲ့တာကြောင့် ဒီကတစ်ဆင့် ဂရစ်ဇ်မန်းက အသင်းအတွက် ဒုတိယဂိုးကို ဖန်တီးပေးခဲ့တာပါ။ ဂရစ်ဇ်မန်းရဲ့ ဖန်တီးပေးမှုကလည်း တော်တော်လေးကို ကောင်းမွန်ခဲ့ပြီး ဆမ်မြူရယ်လီနိုကလည်း ဘောလုံးကို တစ်ချက်ထိန်းကာ အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ်။

နောက်ပိုင်း ပွဲကစားချိန်တွေမှာတော့ အက်သလက်တီကိုတို့ ဖိအားလျော့သွားခဲ့ပေမယ့် ဒေါ့မွန်ကတော့ သူတို့ အမှားနဲ့ သူတို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် (၈၁) မိနစ်မှာ ဒေါ့မွန်အတွက် ဟော်လာက ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပေမယ့် လိုအပ်နေတဲ့ နောက်ထပ် ချေပဂိုးကို မရရှိခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ဒေါ့မွန်တို့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရမယ်ဆိုပေမယ့် ဒေါ့မွန်အတွက် တော်တော်လေး ဖိအားများသွားခဲ့ပြီး မဖြစ်မနေ အနိုင်ကစားဖို့လည်း လိုအပ်နေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က