နိုင်ငံတကာအာကာသစခန်းမှာ ၁၂ ရက်ကြာ ရုပ်ရှင်ဇာတ်ဝင်ခန်းများ သွားရောက်ရိုက်ကူးခဲ့ကြပါတယ်

အာကာသထဲမှာ ပထမဆုံးရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ရုရှားဒါရိုက်တာက နောက်တစ်ကြိမ် လ သို့မဟုတ် အင်္ဂါဂြိုဟ်ပေါ်မှာပင် ရုပ်ရှင်သွားရိုက်နိုင်ဖွယ်ရှိတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြောကြာားလိုက်ပါတယ်။

ဒါရိုက်တာ Klim Shipenko နဲ့ မင်းသမီး Yulia Peresild တို့ပါဝင်တဲ့ ရုရှားရုပ်ရှင်အဖွဲ့ဟာ နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) မှာ ၁၂ ရက်ကြာ ရုပ်ရှင်ဇာတ်ဝင်ခန်းများ သွားရောက်ရိုက်ကူးခဲ့ကြပါတယ်။



တကယ်လို့ လ,အကြောင်းဆိုရင် လပေါ်ကိုသွားကြတာပေါ့၊ တကယ်လို့ အင်္ဂါဂြိုဟ်ဖြစ်ခဲ့ရင် အင်္ဂါဂြိုဟ်ကိုသွားကြတာပေါ့ဗျာ

ဒါရိုက်တာနဲ့ မင်းသမီးတို့ဟာ အာကာသထဲမှာ ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်အဖြစ် မှတ်တမ်းဝင်မယ့် "The Challenge" ဇာတ်ကားအတွက် နာရီ ၃၀ စာ ရိုက်ကူးမှုတွေကို စုဆောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။ ရုရှားမီဒီယာက ယခုရုပ်ရှင်ရိုက်ကူးမှုကို တစ်ကမ္ဘာလုံးထက်သာလွန်တဲ့ အောင်မြင်မှုအဖြစ် ဂုဏ်ပြုဖော်ပြကြပါတယ်။

(မင်းသမီး Yulia ၊ အာကာသယာဥ်မှူး Oleg Novitsk နှင့် ဒါရိုက်တာ Shipenko) (Photo: Reuters)

လပေါ်မှာ နောက်ဆက်တွဲရုပ်ရှင်ရိုက်ကူးမှု ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ Klim Shipenko ကို သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာ "ကျွန်တော်တို့ အသင့်ပါပဲ၊ အာကာသရုပ်ရှင်ကို အာကာသထဲမှာ ရိုက်ကူးသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ တကယ်လို့ လ,အကြောင်းဆိုရင် လပေါ်ကိုသွားကြတာပေါ့၊ တကယ်လို့ အင်္ဂါဂြိုဟ်ဖြစ်ခဲ့ရင် အင်္ဂါဂြိုဟ်ကိုသွားကြတာပေါ့ဗျာ၊ ဘာလို့ မဖြစ်ရမှာလဲ? ရုပ်ရှင်ကို စတူဒီယိုတစ်ခုထဲမှာပဲ ဘာလို့ ရိုက်သင့်တာလဲ?" လို့ ပြောသွားခဲ့ပါတယ်။

ဘာလို့ မဖြစ်ရမှာလဲ? ရုပ်ရှင်ကို စတူဒီယိုတစ်ခုထဲမှာပဲ ဘာလို့ ရိုက်သင့်တာလဲ?

ရုရှားက အာကာသထဲမှာ သွားရောက်ရိုက်ကူးတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင်မှာ ဆရာဝန်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီး Yulia Peresild ကတော့ "စက္ကန့်တိုင်းဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါပဲ" လို့ ဆိုပါတယ်။ Yulia Peresild က အာကာသစခန်းမှာ ရောက်ရှိနေတဲ့ အာကာသယာဥ်မှူးတစ်ဦးရဲ့ အသက်ကိုကယ်တင်ရန် အာကာသထဲကို စေလွှတ်ခံရတဲ့ ဆရာဝန်အဖြစ် ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားပါတယ်။

(ဒါရိုက်တာနဲ့ မင်းသမီးကို ISS ရှိ အာကာသယာဥ်မှူးတွေနဲ့အတူ တွေ့ရစဥ်) (Photo: Roscosmos)

ရုရှားရုပ်ရှင်အဖွဲ့ဟာ အာကာသထဲမှာ ရုပ်ရှင်ရိုက်ကူးရန် အောက်တိုဘာ ၅ ရက်နေ့က ကာဇက်စတန်ရှိ Baikonur အာကာသခရီးစဥ် လွှတ်တင်ရေးစခန်းကနေ အာကာသယာဥ်မှူး Anton Shkaplero မောင်းနှင်တဲ့ Soyuz MS-19 အာကာသယာဥ်ဖြင့် ISS သို့ ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။

စက္ကန့်တိုင်းဟာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုပါပဲ

အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ ဒါရိုက်တာ Klim Shipenko နဲ့ မင်းသမီး Yulia Peresild တို့ဟာ အာကာသယာဥ်မှူး Oleg Novitsk မောင်းနှင်တဲ့ Soyuz MS-18 အာကာသယာဥ်ဖြင့် ISS ကနေ ပြန်လည်ထွက်ခွာလာခဲ့ကြပြီး ကမ္ဘာမြေပြင်သို့ ပြန်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က