ဘာနေဗျူးမှာ သရေကျခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဥ်ကတော့ တစ်ဖက် တစ်ဂိုးစီသရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ နှစ်သင်းလုံးက သူတို့ရဲ့ အဓိက,ကစားသမား စုံစုံလင်လင်နဲ့ ပွဲထွက်ခဲ့ကြပါတယ်။



ရီးရဲလ်မက်ဒရစ်က ဂိုးသမား ကော်တွိုက်စ်၊ နောက်တန်းမှာ ကာဗာဟယ်လ်၊ ရူဒီဂါ၊ အလာဘာ၊ ကာမာဗင်ဂါ၊ ကွင်းလယ်မှာ တိုနီကရူးစ်၊ ဗယ်လ်ဗာဒီ၊ မိုဒရစ်၊ တိုက်စစ်မှာ ရိုဒရီဂို၊ ဗီနီရှပ်စ်၊ ဘန်ဇီမာတို့နဲ့ လူစုံခဲ့ပါတယ်။

မန်စီးတီးကလည်း ဂိုးသမား အီဒါဆန်၊ နောက်တန်းမှာ ဝေါ်လ်ကာ၊ ရူဘင်ဒီယက်စ်၊ အကန်ဂျီ၊ စတုန်းစ်၊ ကွင်းလယ်မှာ ရိုဒရီ၊ ဂွန်ဒိုဂန်၊ ဒီဘရိုင်း၊ တိုက်စစ်ပိုင်းမှာ ဘာနာဒိုဆေးလ်ဗား၊ ဂရီလစ်ရှ်နဲ့ ဟာလန်းတို့ ပွဲထွက်ကစားခဲ့ပါတယ်။ ဒီပွဲမှာ တစ်ခု ပြောစရာရှိခဲ့တာက မန်စီးတီးနည်းပြ ဂွါဒီယိုလာ ပွဲအစအဆုံး လူစားလဲခဲ့ခြင်းမရှိတာပါပဲ။

ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၃၆) မိနစ်မှာ ဗီနီရှပ်စ်က သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တို့ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် ချေပဂိုးကို ဒီဘရိုင်းက သွင်းယူပေးသွားခဲ့ပါတယ်။ ဒီဂိုးကတော့ အငြင်းပွားစရာတွေရှိခဲ့ပါတယ်။

ဒီဘရိုင်း ဂိုးမသွင်းခင်မှာ ဘောလုံးက ဘေးစည်းကျော်သွားခဲ့ပြီး ဒီဖြစ်ရပ်ကို အာစင်ဝင်းဂါးကြီးက ထောက်ပြပြောဆိုခဲ့သလို တကယ့် အနှေးပြကွက် မြင်ကွင်းတွေမှာလည်း ဘောလုံးက ဘေးစည်းကျော်ကာ လက်ပစ်ဘောဖြစ်ခဲ့တာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ပထမအကျော့ သရေရလဒ်ကြောင့် ဒုတိယအကျော့ အီတီဟတ်ဒ်ပွဲကတော့ ပရိသတ်တွေအတွက် တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းနေဦးမှာပါ။ 

Share

Loading Next Article...
က္က