အတ္တလန္တာအသင်းက လှောင်ပြောင်သွားခဲ့တာပါ။

မက်ဆီနဲ့ အင်တာမိုင်ယာမီတို့ကတော့ အတ္တလန္တာယူနိုက်တက်ရဲ့ လှောင်ပြောင်မှုတွေကို ရင်ဆိုင်လိုက်ရပါပြီ။ အတ္တလန္တာနဲ့ပွဲမှာ အင်တာမိုင်ယာမီအတွက် မက်ဆီ ဝင်မကစားပေးခဲ့ဘဲ အနားယူခဲ့ကာ ၅-၂ နဲ့ ပြိုင်ဘက်ကို အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ မက်ဆီရောက်လာပြီးနောက် အင်တာမိုင်ယာမီတို့ ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာပါ။ 

ဒီပွဲအပြီးမှာတော့ အင်စတာဂရမ်ကနေ အတ္တလန္တာယူနိုက်တက်က "နောက်တခါဆိုရင် တသင်းလုံးကို ခေါ်လာခဲ့" လို့ ရေးသားပြီး လှောင်ပြောင်သွားခဲ့တာပါ။ မက်ဆီပါဝင်ခဲ့မယ်ဆိုရင် ပွဲရလဒ်ပြောင်းလဲနိုင်ခဲ့ပေမယ့် အခုတော့ မကစားနိုင်တာကြောင့် အရေးနိမ့်ခဲ့ရသလို အလှောင်ပြောင်ပါ ခံခဲ့ရတာဖြစ်ပါတယ်။ 

မက်ဆီက အာဂျင်တီးနားနဲ့အတူ ဘိုလီဗီးယားအထိ လိုက်သွားခဲ့ပြီး အင်တာမိုင်ယာမီနဲ့လည်း လေ့ကျင့်ခန်းဆင်းခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုအတွက် စိုးရိမ်တာကြောင့် အနားပေးခဲ့ရတာပါ။ မက်ဆီမပါတာကို အခွင့်အရေးအဖြစ် အတ္တလန္တာက အရယူနိုင်ခဲ့ပြီး မက်ဆီရောက်လာပြီးနောက် ရှုံးပွဲမရှိသေးတဲ့အသင်းကို အနိုင်ယူသွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့​မေဂျာလိဂ်ပွဲမှာလည်း မက်ဆီမပါဝင်ခဲ့မေပယ့် အဆိုပါပွဲကိုတော့ အင်တာမိုင်ယာမီက အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ အရေးနိမ့်ခဲ့ရပြီး ပေးဂိုးတွေလည်း အများကြီးပေးခဲ့ရကာ စိတ်ပျက်စရာအရှုံးတခုကို ရင်ဆိုင်ခဲ့ရပါတော့တယ်။ 


Share

Loading Next Article...
က္က