အပြောင်းအရွှေ့မှာ ယူနိုက်တက်တို့ ခြေလှမ်းသွက်နေတာပါ။

ယူနိုက်တက်ကတော့ ဘိုလော့ဂ်နာ တိုက်စစ်ကစားသမား ဇာ့ခ်ဇီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို (၄၂.၅) သန်း ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာပါ။



အဆိုပါ ကစားသမားဟာ ယူနိုက်တက်နဲ့ (၂၀၂၉) ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိတဲ့ (၅) နှစ် စာချုပ်တစ်ရပ်ကို ချုပ်ဆိုမှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဆာဂျင်မ်ရက်ကလစ်ဖ်တို့လက်ထက် ပထမဆုံး ကစားသမားခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ဂ်ကို ခေါ်ယူဖို့အတွက်လည်း အခြေအနေကောင်းနေပါတယ်။ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်သလို ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေကလည်း အခြေအနေကောင်းမွန်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ လက်ရှိနွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားမှုတွေ ပြုလုပ်နေတာပါ။ ဒါပေမယ့် ဇာ့ခ်ဇီကတော့ ယူနိုက်တက်ရဲ့ ပထမဆုံး ကမ်းလှမ်းမှုတော့ မဟုတ်ခဲ့ပါဘူး။

ယူနိုက်တက်ဟာ အဲဗာတန် နောက်ခံလူ ဘရန့်ဝိတ်အတွက်လည်း ပြောင်းရွှေ့ကြေး ညှိနှိုင်းနေဆဲဖြစ်ပါတယ်။ အူဂါတီ၊ ယိုရိုတို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပြီး ယိုရိုအတွက်လည်း လိုင်လီနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိထားပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က