ကစားသမားဘက်က လက်ခံခဲ့တာပါ။

အာဆင်နယ်ဟာ လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကို,ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဆက်စ်ကိုဟာ ဟာလန်းနည်းတူ ဆဲလ်ဘာ့ဂ်ကနေ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားပါ။



ဆဲလ်ဘာ့ဂ်မှာကတည်းက သူ့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ ဆဲလ်ဘာ့ဂ်ကိုသာ ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်အထိ ဆက်စ်ကိုက အသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားအဖြစ် ရှိနေဆဲပါ။

အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၈) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အာဆင်နယ်ဟာ ဆက်စ်ကို,ကို ခေါ်ယူဖို့အတွက် ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါတယ်။

ဆက်စ်ကိုက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး အာဆင်နယ်နဲ့ လိုက်ပ်ဇစ်အကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့အတွက်ပဲ ကျန်ရှိတော့တယ်လို့ သတင်းတွေက ဆိုပါတယ်။ လိုက်ပ်ဇစ်နဲ့ ကစားသမားအကြား ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးက ပေါင် (၄၃) သန်းရှိတယ်လို့ သိရှိရပါတယ်။

ဒါပေမယ့်လည်း ဆက်စ်ကိုရဲ့ ခြေစွမ်းကြောင့် ဒီစာချုပ်လျော်ကြေးက ပေါင် (၆၄) သန်းအထိ မြင့်တက်သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားတာပါ။ အာဆင်နယ်ကတော့ ဆက်စ်ကိုအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က