ကိုယ့်အလုပ်ကိုယ် လုပ်ရမယ်လို့ ဂွါဒီယိုလာက ယုံကြည်နေတာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီတစ်ပတ် ကစားမယ့် နော်တင်ဟမ်‌ဖောရက်စ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဥ်မှာ အာဆင်နယ်ကို မရှုံးနိမ့်စေလိုကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ စနေညမှာ အဆိုပါ အသင်းနှစ်သင်း ရင်ဆိုင်ကစားရမှာဖြစ်ပြီး မန်စီးတီးကတော့ တနင်္ဂနွေညမှ ချဲလ်ဆီးနဲ့ ရင်ဆိုင်ကစားရမှာပါ။



အာဆင်နယ်သာ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ရင် မန်စီးတီးတို့ ချဲလ်ဆီးနဲ့ပွဲ မကစားခင်မှာတင် ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မှာပါ။ တကယ်လို့ အာဆင်နယ်သာ နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိခဲ့ရင် မန်စီးတီးက ချဲလ်ဆီးကို အနိုင်ကစားမှသာ ချန်ပီယံအဖြစ် စောစောစီးစီး အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ်ဆက်အဖြစ် ဆွတ်ခူးနိုင်ဖို့ နိုင်ပွဲတစ်ပွဲသာ လိုအပ်ပါတော့တယ်။ အဲ့ဒါကြောင့်လည်း ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာ ဂွါဒီယိုလာက “ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်တယ်ဆိုရင် ချဲလ်ဆီးကို အနိုင်ကန်ရမယ်ဆိုတာပါပဲ။ ဒါကိုပဲ ကျွန်တော်တို့ တွေးရမှာပါ”

“နော်တင်ဟမ်ဖောရက်စ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ ဘာမှထိန်းချုပ်နေလို့ မရပါဘူး။ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာပါ။ ကျွန်တော်တို့ အနိုင်ရရှိတဲ့ပွဲက နောက်တစ်ပွဲကို အကျိုးရှိစေမှာပါ။ တတ်နိုင်သမျှ စောစောစီးစီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးတာက ကျွန်တော်တို့အတွက် လာမယ့်ပွဲတွေကို အကူအညီဖြစ်စေမှာပါ။ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတွေကို ပိုကောင်းတဲ့ပုံစံတွေနဲ့ ပြင်ဆင်နိုင်‌ဖို့ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖလား (၃) လုံး လမ်းကြောင်းပေါ် ရောက်ရှိနေတဲ့ မန်စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်တို့နဲ့ ရင်ဆိုင်ကစားရမှာပါ။ ဒီပွဲတွေကိုသာ အနိုင်ရရှိခဲ့ရင် မန်စီးတီးတို့ ယူနိုက်တက်နောက်ပိုင်း ဥရောပဖလားအပါအဝင် ဖလား (၃) လုံး ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလန်အသင်းတစ်သင်းဖြစ်လာမှာပါ။ 

Share

Loading Next Article...
က္က