အသင်းကလည်း နိုင်နေတာကြောင့် စိတ်ထဲရှိရာ လုပ်ခဲ့တာပါ။

အာဆင်နယ်ကွင်းလယ်ကစားသမား ဂရန်းနစ် ချာကာက ဘောက်ဆင်ဒေးမှာ နောဝစ်ချ်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ၎င်းဟာ ရော်နယ်လ်ဒင်ညိုလို့ ထင်မြင်ခဲ့ပါတယ်။

ဘူကာယို ဆာကာရဲ့ သွင်းဂိုး ၂ ဂိုး၊ ကီရန် တီယာနီ၊ လာကာဇက်၊ စမစ်ရိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်အသင်းက ဂိုးပြတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး ချာကာက သွင်းဂိုးရှင်တွေထဲမှာ မပါဝင်ခဲ့ပေမယ့်လည်း ဒီပွဲစဉ်ရဲ့ အမှတ်ရစရာအကောင်းဆုံးအခိုက်အတန့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးက ကွင်းလယ်က ဆွစ်ဇာလန် လက်ရွေးစင်ကြယ်ပွင့်ဆီကို ရောက်ရှိလာချိန်မှာ ချာကာအနေနဲ့ အနားမှာ ပြိုင်ဘက်ကစားသမားတွေ မရှိတာကြောင့် အချိန်ရော၊ နေရာလွတ်ပါ ပေါများနေခဲ့တာဖြစ်ပါတယ်။



ဒါကြောင့် ဘာဖိမှ ရှိမနေတဲ့ ချာကာဟာ ဘောလုံးကို နောက်ကျောနဲ့ ထိန်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဘာအကြောင်းပြချက်မှမရှိဘဲ ခန္ဓာကိုယ်ကို တစ်ပတ်လည်ပြီး ဘရာဇီးလ် ဂန္တဝင် ရော်နယ်လ်ဒင်ညိုလို အကွက်တွေ ထုတ်သုံးပြခဲ့တာဖြစ်ပါတယ်။ ချာကာရဲ့ အပြုအမူက လူမှုကွန်ရက်ပေါ်မှာရှိတဲ့ လူအများစုရဲ့ တုံ့ပြန်မှုကို ရရှိခဲ့ပြီး အချို့ကတော့ ဒါဟာ နောဝစ်ချ်အသင်းက ဘယ်လောက်တောင် ညံ့ဖျင်းလဲဆိုတာ ပြသခဲ့တာလို့ ယုံကြည်နေကြပါတယ်။

"ဒါက အရမ်းကြီး မလေးစားရာ ကျလွန်းတယ်။ ချာကာက သူ့ရဲ့ အတွင်းစိတ်ထဲက ရော်နယ်လ်ဒင်ညိုကို ဆင့်ခေါ်ပြီး ခင်ဗျားနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ခင်ဗျားရဲ့ ဘောလုံးကလပ်ကို ဖျက်သိမ်းဖို့ လိုပါပြီ"လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး "ချာကာ မုန်းတီးသူတွေကတော့ သူ ဘယ်လိုတောင် အတင့်ရဲတာလဲဆိုပြီး ဒေါသထွက်နေကြပါပြီ"လို့ အခြားတွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီဖြစ်ပြီး နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်ဟာ ပရီးမီးယားလိဂ် ၉ ပွဲမြောက် ပေးဂိုးမရှိ ပွဲစဉ်ကို ပိုင်ဆိုင်ခဲ့ပြီး မန်ချက်စတာစီးတီးဂိုးသမား အီဒါဆင်တစ်ဦးတည်းကသာ အာဆင်နယ်ဂိုးသမားထက် ပေးဂိုးမရှိပွဲစဉ် ပိုမို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က