(၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နေ့လယ်ပိုင်းက ကချင်ပြည်နယ် မော်လူးမြို့အလွန်မှာ နာရေးသွားတဲ့ ဟိုက်ဂျက်ယာဉ်တိမ်းမှောက်ခဲ့ပြီး အမျိုးသမီး(၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

photo - မေတ္တာအားမာန် မော်လူး ပရဟိတအသင်း

ဆီဘောက်ဆာကားကို ကျော်တက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးက ယာဉ်မောင်းဘေးကထိုင်တဲ့သူဖြစ်ပြီး ယာဉ်မောင်းရဲ့ အမျိုးသမီးဖြစ်တယ်လို့လည်းသိရပါတယ်။

“ ကားပေါ်မှာပါတာက မိသားစုဝင် (၅)ယောက်ပါမယ်။ လမ်းကနေ လမ်းကြုံတက်လိုက်လာတဲ့စျေးသည် (၃)ဦးနဲ့ဆို အားလုံး (၈)ဦးပါတယ်။ မိသားစုဝင်တွေက ဆွေမျိုးထဲကနာရေးရှိလို့ ဗန်းမောက်ကနေ အင်းတော်ကြီးကို သွားကြမှာ။ လမ်းမှာ ခုလိုမတော်တဆဖြစ်သွားတာ။ သေဆုံးတဲ့အမျိုးသမီးက ရှေ့ခန်း ယာဉ်မောင်းဘေးကထိုင်တဲ့သူ။ ဒဏ်ရာရတဲ့(၃)ဦးကိုတော့ ဆေးခန်းပို့ဆောင်တာတွေလုပ်ပေးခဲ့တယ်”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ မေတ္တာအားမာန် မော်လူး ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo - မေတ္တာအားမာန် မော်လူး ပရဟိတအသင်း

ဒဏ်ရာရရှိတဲ့ သူ(၃)ဦးက စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘဲ ပွန်းပဲ့ထိခိုက်ဒဏ်ရာမျိုးသာ ရရှိခဲ့တာဖြစ်ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ ယာဉ်က မိသားစုကိုယ်ပိုင်ကားနဲ့ သွားတာဖြစ်ပြီး ယာဉ်မောင်းအပါအဝင် အားလုံး မိသားစု (၅)ဦးသွားတာဖြစ်ပါတယ်။

ဖြစ်စဉ်အတွင်းသေဆုံးခဲ့တဲ့ အမျိုးသမီးအလောင်းကိုတော့ အင်းတော်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Share

က္က