တလောကမှ မိတ်ဆက်လိုက်တဲ့ Redmi Note 11 စီးရီးဟာ တရုတ်ဈေးကွက်မှာ လူကြိုက်များနေတယ်လို့ ဆိုပါတယ်။
Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Redmi Note 11 ကို တရုတ်ဈေးကွက်မှာ ပထမဆုံး ရောင်းချလိုက်တာ ဖြစ်ပြီး တစ်နာရီအတွင်း ဖုန်းအလုံးရေ ၅ သိန်းအထိ ရောင်းထွက်ခဲ့တယ်လို့ Gizmochina သတင်းက ဖော်ပြပါတယ်။ Redmi Note 11 စီးရီးသစ်မှာ Redmi Note 11 ၊ Note 11 Pro နဲ့ Note 11 Pro+ တို့ ပါဝင်ပြီး Redmi ရဲ့အစဉ်အလာအတိုင်း ဈေးနှုန်းအသင့်အတင့်နဲ့ Performance ကောင်းတဲ့ဖုန်းတွေအဖြစ် ထွက်လာခဲ့တာပါ။
Photo: Gizmochino
Redmi Note 11 တုန်းကလည်း First Sale မှာ အလုံးရေ ၅ သိန်းအထိ ရောင်းထွက်ခဲ့တာ ဖြစ်လို့ Redmi Note စီးရီးတွေဟာ ပရိသတ်အားကောင်းတဲ့ စီးရီးလို့ ဆိုရမှာပါ။ ဒီတစ်ခေါက် Redmi Note 11 စီးရီးဟာ အမြင့်စား refresh rate ၊ အမိုက်စား ဘက်ထရီအားသွင်းစနစ်နဲ့ လာပြီး ဖုန်းသုံးမျိုးစလုံး 5G ကွန်ရက် ပါလာပါတယ်။ Redmi Note 11 ဟာ ၆.၆ လက်မ 90Hz LCD screen နဲ့လာပြီး Pro နဲ့ Pro Plus တို့ကိုတော့ ၆.၆၇ လက်မ 120Hz AMOLED display သုံးထားတာ ဖြစ်ပါတယ်။
Redmi Note 11 Pro နဲ့ Pro+ တို့ဟာ TSMC ရဲ့ 6nm process နဲ့ ထုတ်ထားတဲ့ MediaTek Dimensity 920 5G Chipset နဲ့ မောင်းနှင်ထားပြီး Redmi Note 11 ကတော့ MediaTek Dimensity 810 5G chipset နဲ့ ထွက်လာတာပါ။ ဖုန်းမော်ဒယ်သုံးမျိုးစလုံးမှာ ဖုန်းအပူချိန်ကို ၃ ဒီဂရီအထိ လျှော့ချနိုင်မယ့် VC Liquid Cooling အပူစွန့်စနစ် ပါရှိပါတယ်။ ကင်မရာအနေနဲ့ Redmi note 11 မှာ 50MP uMain sensor နဲ့ 8MP ultrawide sensor ဆိုပြီး ကင်မရာနှစ်လုံး သုံးထားပါတယ်။
Photo: Android Authority
Pro မော်ဒယ်တွေမှာ 108MP main sensor နဲ့အတူ 8MP ultrawide sensor နဲ့ 2MP macro lens တို့ ပါရှိပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ 16MP selfie ကင်မရာ သုံးထားပြီး Android 11 ကို အခြေခံထားတဲ့ MIUI 12.5 နဲ့ လာပါတယ်။ Standard မော်ဒယ်မှာ 33W fast charging ပါ 5000mAh ဘက်ထရီ သုံးထားပြီး Pro မော်ဒယ်မှာ 67W charging ပါ 5160mAh ဘက်ထရီ ပါရှိပါတယ်။ အမြင့်ဆုံး Pro+ မော်ဒယ်ကတော့ 120W fast charging ပါ 4500mAh ဘက်ထရီနဲ့ ထွက်ထားပါတယ်။
ဈေးနှုန်းအနေနဲ့ Redmi Note 11 အနိမ့်ဆုံးမော်ဒယ်ကို ယွမ် ၁၂၀၀ (မြန်မာငွေ ၃ သိန်းခွဲနီးပါး) ဈေဂကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။