ဒီနေ့( မေလ ၇ ရက်) မှာ အသက် ၅၀ ပြည့်ပြီလို့ ဆိုပါတယ်။

သရုပ်ဆောင် လူမင်းကတော့ သူ့ရဲ့ မွေးနေ့အလှူအဖြစ် အမှန်တကယ်လိုအပ်မှုတွေရှိနေတဲ့ နေရာ (၄) နေရာမှာ မွေးနေ့ကုသိုလ်ပြုခဲ့တာ တွေ့ရပါတယ်။ 

Photo:Amazing Grace



မေလ (၇) ရက်နေ့ကတော့ သရုပ်ဆောင် အကယ်ဒမီ လူမင်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ သူဟာ ဒီနေ့( မေလ ၇ ရက်)မှာ အသက် (၅၀) ပြည့်ပြီလို့လည်း ပြောပါတယ်။ မွေးနေ့အမှတ်တရအဖြစ် အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"ကျွန်တော့်အသက် (၅၀) ပြည့်မွေးနေ့အတွက် ကွယ်လွန်သွားကြပြီဖြစ်သော မိဘနှစ်ပါးအားရည်စူး၍ ၊ ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် အမှန်တကယ်လိုအပ်နေသောနေရာတချို့ကို ရှာဖွေပြီး တတ်နိုင်သလောက် ကုသိုလ်ကောင်းမှု ပြုခဲ့ပါသည်။ နတ် လူ သာဓု ခေါ် စေ သော ဝ်" ဆိုပြီးတာ့ မေလ ၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

Photo:Amazing Grace

သရုပ်ဆောင် လူမင်းဟာ သူ့ရဲ့ မွေးနေ့ အလှူအဖြစ် ကြို့ပင်ကောက် သီလရှင်ကျောင်း၊ အနန္တဂုဏ်ရည်ကျောင်းတိုက်၊ အောင်မြေသာယာ သုခကျောင်း၊ မအူပင် သာသနာ့ဓ ဝပုလ္လကျောင်းတိုက် စတဲ့နေရာတွေကို မွေးနေ့ အမှတ်တရ အလှူတွေ ပြုခဲ့တယ်လို့ သိရပါတယ်။ လူမင်းရဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ဆိုခဲ့သလို အလှူအတွက် သာဓု(၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ 

Photo:Amazing Grace

လူမင်းဟာ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်လက် ရိုက်ကူးနေတာ ဖြစ်သလို မိသားစုနဲ့ ပျော်ပျော်ပါးပါး နေထိုင်ရင်းနဲ့ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေမှာလည်း ဦးဆောင်နေရသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတာတွေ့ရပါတယ်။ သရုပ်ဆောင် အဖြစ်နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။

Photo:Amazing Grace

ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က