တွစ်တာမှာ ပြောဆိုရေးသားခဲ့တာပါ။

မက်ဂရီဂေါ်ကတော့ မနေ့ကပဲ သူအနားယူတဲ့အကြောင်းကို တွစ်တာမှာရေးသားပြောဆိုခဲ့ပြီး MMA ကစားသမားဘဝကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။


ဖလွိုက်မေဝယ်သာကတော့ UFC ကနေ တတိယအကြိမ်မြောက် အနားယူသွားခဲ့တဲ့ အိုင်ယာလန်ဖိုက်တာမက်ဂရီဂေါ်ကို စိန်ခေါ်စကားဆိုလိုက်ပြန်ပါပြီ။ မက်ဂရီဂေါ်အနေနဲ့ သူနဲ့နောက်တစ်ကြိမ် မကျေပွဲထိုးသတ်ချင်တယ်ဆိုရင်လည်း သူ့ဘက်ကအသင့်ရှိတယ်လို့ မေဝယ်သာက ပြောဆိုခဲ့ကာ နောက်တစ်ကြိမ်ဆုံးမပေးမယ်လို့ ပြောလိုက်တာပါ။ 

မက်ဂရီဂေါ်ကတော့ မနေ့ကပဲ သူအနားယူတဲ့အကြောင်းကို တွစ်တာမှာရေးသားပြောဆိုခဲ့ပြီး MMA ကစားသမားဘဝကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ UFC ဥက္ကဌဒါနာဝှိုက်နဲ့ ဖိုက်တာအများအပြားကြားမှာ ထိုးသတ်ကြေးအတွက် ညှိနှိုင်းမှုတွေအဆင်မပြေဖြစ်ခဲ့ပြီးနောက် ဂျွန်ဂျုံး၊ မက်စ်ဗီဒယ်တို့လို နာမည်ကျော်ဖိုက်တာတွေကလည်း သူတို့နဲ့ စာချုပ်ဖျက်သိမ်းဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဒီလိုအခြေအနေမှာ မက်ဂရီဂေါ်က အနားယူပြီလို့ ကြေညာခဲ့ပြီး ဒါနာဝှိုက်ကို အကျပ်တွေ့အောင်ပြုလုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒါနာဝှိုက်ကတော့ ထိုးသတ်ချင်စိတ်မရှိတဲ့ ဖိုက်တာတွေကို တောင်းပန်ပြီးထိုးသတ်ခိုင်းနေမှာမဟုတ်ဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပြီး အခြေအနေတွေက ပိုမိုတင်းမာမှုတွေ ရှိလာခဲ့ပါတယ်။ 

တွစ်တာပေါ်မှာ မက်ဂရီဂေါ်က ကိတ်မုန့်တစ်ခုပေါ်မှာ "Happy retirement daddy" လို့ ရေးသားကာ သူ့ရဲ့အနားယူမှုကို ဖော်ပြခဲ့ပါတယ်။ အဆိုပါ ပို့စ်အောက်မှာ မေဝယ်သာက ဝင်ရောက်ပြီးရေးသားခဲ့တာဖြစ်ပြီး "အခု မင်း နုတ်ထွက်သွားပြီးပြီ၊ မင်း အကောင်းဆုံးပွဲထိုးသတ်ချင်တယ်လို့ ငါထင်တယ်၊ တကယ်လို့ မင်း ငါနဲ့ပြန်ထိုးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း မင်းကို နောက်တစ်ကြိ်မ် ငါ ဆုံးမပေးရလိမ့်မယ်" လို့ ရေးသားခဲ့ပါတယ်။ 

သူတို့နှစ်ဦးကတော့ ၂၀၁၇ တုန်းက ထိုးသတ်ခဲ့ကြပြီး မေဝယ်သာက အလဲထိုးအနိုင်ရရှိထားခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ငွေကြေးအကျိုးအမြတ်အများကြီးရရှိခဲ့သလို ပရိသတ်အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့ကာ ဘောက်ဆင်လောကရဲ့ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံးပွဲတွေထဲက တစ်ပွဲအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က