လစာထဲက သက်ဆိုင်ရာ အသီးသီးဖယ်ပြီး အနည်းဆုံး ပေါင် ၂သိန်း တန်ဖိုးရှိ အစားအစာနဲ့ အိမ်သာသုံးစက္ကူတွေ လှူမှာပါ။
နောဝှစ်ကစားသမားများ၊မန်နေဂျာနဲ့အသင်းပိုင်ရှင် ဒါရိုက်တာများစုပေါင်းပြီး လစာငွေထဲက ရာခိုင်နှုန်း အနည်းငယ်ကို ဖယ်ပြီး အနည်းဆုံး ပေါင် ၂သိန်းနှင့်အထက်ကို ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်တွေအတွက် ကူညီပေးသွားဖို့ ပြင်ဆင်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။
အဆိုပါ ငွေတွေကိုတော့ အစားအစာနဲ့အိမ်သာသုံးစက္ကူတွေကိုဝယ်ပြီး နောဝှစ်မှာရှိတဲ့သူတွေအတွက် အဓိက ထောက်ပံ့ပေးသွားမှာပါ။
ဒီအစီအစဥ်ကိုတော့ ကာရိုးလ်လမ်းမတစ်လျှောက်လူမှုရေးအသင်းတွေက လိုက်လံပူးပေါင်းပြီး ဝေငှပေးသွားကြ မှာလို့လည်းသိရပါတယ်။
နောဝှစ်အသင်းကတော့ မနေ့က ဗုဒ္ဓဟူးနေ့မှာပဲ အသင်းက ဝန်ထမ်းတွေကို လစာရဲ့ ၈၀ ရာခိုင်နှုန်း အများဆုံး တစ်လလျင် ပေါင် ၂၅၀၀အထိသာ ပေးချေသွားတောာ့မယ်လို့ ယူကေ အစိုးရထုတ်ပြန်ထားတဲ့ ဥပဒေအရ အတည်ပြု သတင်းထုတ်ပြန်လာပါတယ်။
ဒီလိုလုပ်ရတာကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတဲ့ကာလမှာ ဘောလုံးပွဲတွေ နားထားလို့ အလုပ်မရှိတဲ့ ဝန်ထမ်း တွေကို လစာလျော့ယူဖို့လုပ်ဆောင်တာသာ ဖြစ်ပြီး မူလအတိုင်း ဘောလုံးပွဲတွေ ပြန်စရင် လစာအပြည့် ပေးချေ သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလို လုပ်ဆောင်မှုမျိုးကိုတော့ စပါး၊နယူးကာဆယ်အသင်းတို့ကလည်း အလားတူ လုပ်ဆောင်ခဲ့ကြပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။
နောဝှစ်အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် ကင်းလွတ်အသင်းနဲ့ ၆ မှတ်အကွာမှာရှိနေပါတယ်။