ဘန်ကောက်မှာ မျက်စိဆေးကုသမှု ခံယူနေရတဲ့ သမီးလေး အေးဝတ်ရည်သောင်းအတွက် ဖခင်တစ်ယောက်ရဲ့ ခံစားချက်တွေ ကို ဦးJoseph Myint Aung က အခုလို ပြောပြထားပါတယ်။ အေးဝတ်ရည်သောင်းဟာ စက်တင်ဘာလ ၂၂ ရက်နေ့က မျက်စိ ကုသဖို့အတွက် ဘန်ကောက် ကို ထွက်သွားခဲ့ပါတယ်။
Photo: Joseph Myint Aung acbook
သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မှာ မျက်စိကုသမှု ခံယူဖိ့ု ထွက်သွားတယ်လို့ သိရပါတယ်။ အေးဝတ်ရည်သောင်းဟာ မျက်စိမကောင်းတဲ့ ကြားက သူ့ပရိသတ်တွေအပေါ် ထားတဲ့ မေတ္တာ၊ စေတနာ တွေနဲ့ ပုံလှလှလေးတွေ တင်ပေးဖြစ်တယ်လို့ သိရပါတယ်။
''သူချစ်တဲ့FBကပရိတ်သတ်တွေအတွက် ပုံတင်ပေးရအုံးမှာဆိုပြီး မျက်စိမသက်သာတဲ့ကြားကပုံလှလှလေးတွေတင်ပေးနေတာက သမီးရဲ့ ပရိသတ် အပေါ်ထားတဲ့မေတ္တာကိုအဖေသိလိုက်ပါပြီ။ အခုဒီစာကိုဖတ်နေရသူတွေ မျက်စိနှစ်လုံးနဲ့ ဖတ်နေရတာ အရမ်း ကံကောင်းပါတယ် ဗျာ။ သမီးလေးကတော့မျက်လုံးတလုံးထဲနဲ့ဖတ်နေရရှာတာပါ။ Bangkok ကိုဆေးကုသွားတဲ့ သမီးလေးရဲ့ မျက်လုံးလေး အမြန်သက်သာ ပျောက်ကင်းပါစေ''ဆိုပြီးတော့ အေးဝတ်ရည်သောင်းရဲ့ ဖခင်ဖြစ်သူ Joseph Myint Aung ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညက ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Joseph Myint Aung acbook
အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရတဲ့ သမီးဖြစ်သူ အေးဝတ်ရည်သောင်းအပေါ် ထားတဲ့ ဖခင်မေတ္တာတွေကတော့ အံ့မခန်းအောင် ပါပဲ။ မျက်စိမကောင်းတဲ့ ကြားက ပရိသတ်တွေနဲ့ အဆက်မပြတ်စေဖို့ အနုပညာအလုပ်ကို ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ အေးဝတ်ရည် သောင်းအကြောင်းကိုလည်း ဆက်လက်ပြောပြထားပါသေးတယ်။
''ကိုယ့်မျက်လုံးလေးမသက်သာရင် လက်ခံထားတဲ့အလုပ်တွေကို အတတ်နိုင်ဆုံးလျော့ရမှာလေ။ ခက်တာက သမီးကအလုပ် လုပ်ရင် လောဘ ကြီးလွန်းတယ်။ ခုရက်အတွင်းမှာဘဲ ရိုက်လိုက်တဲ့ကြော်ငြာတွေ Photo Shooting တွေပွဲတက်တွေ ဇယ်ဆက်နေတာဘဲ စားချိန် လည်း မမှန် ဘူး'' လို့ သူကဆိုပါတယ်။
မအေးသောင်းရဲ့ အလှအပအကြောင်းတွေပြောလာတဲ့ ဖေဖေ
Photo: Joseph Myint Aung acbook
ကိုယ့်ကျန်းမာရေးထက် အနုပညာအလုပ်တွေကို ဦးစားပေးတတ်တဲ့ အေးဝတ်ရည်သောင်းကို ဇာတ်ကားတွေ ဆက်ရိုက်ဖို့ လက်မခံသင့်တော့ တဲ့အကြောင်းကိုလည်း စိတ်မကောင်းစွာနဲ့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။
''သမီးကအလုပ်လုပ်နေရင်စားဖို့မေ့နေရော၊ ညဆိုလဲမိုးကြီးချုပ်မှ ပြန်ရောက်ရတဲ့ရက်တွေများနေပြီ ဆိုတာ သမီးကိုလိုက်စောင့်ရှောက်တဲ့ အဖေအသိဆုံးပါ။ကိုယ့်မျက်လုံးမှမသက်သာတာ လက်ခံထားတဲ့ကားရိုက်တွေဖျက်ပစ်သင့်ရင်ဖျက်ပစ်ရမှာ အလုပ်တွေလည်း ထပ်ပြီး လက်မခံပါနဲ့ တော့သမီးလေးရယ်။ ကိုယ့်မျက်စေ့လေးသက်သာအောင်သာဂရုစိုက်ပေးပါတော့'' လို့ ဆိုပါတယ်။
Photo: Joseph Myint Aung acbook
Joseph Myint Aung ဟာ သရုပ်ဆောင် နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းတို့ရဲ့ ဖခင်ဖြစ်ပါတယ်။ သမီး ၃ ယောက်စလုံးက လေးစားချစ်ခင်ရတဲ့ ဖခင်ပါ။ သမီး ၃ ယောက် အထဲမှာမှ မအေးသောင်းရဲ့ အကြောင်းတွေကို ရေးသားထားတာ ဖြစ်ပါတယ်။