အသင်းမှာ ဆက်လက်ရှိနေဖို့ စိတ်ချရအောင် ကြိုးစားနိုင်ခဲ့တာပါ။

ဘာစီလိုနာကတော့ ပီဒရီနဲ့အတူ နောက်ထပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂါဗီကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။


ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ လူငယ်မျိုးဆက်သစ်ကစားသမား ပီဒရီကို နှစ်ရှည်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၁၈ နှစ်အရွယ် စပိန်ကြယ်ပွင့်ဟာ နူးကမ့်မှာ ၂၀၂၆ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာဖြစ်ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေချိန်မှာ ဘာစီလိုနာက လျင်လျင်မြန်မြန်ပဲ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ်မှာ စာချုပ်လျော်ကြေးအဖြစ် ယူရိုတစ်ဘီလီယံအထိ ထည့်သွင်းချုပ်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ စာချုပ်သစ်ကိစ္စအားလုံးပြီးဆုံးသွားပြီဖြစ်ကာ ကစားသမားအနေနဲ့ နောက်ထပ်ငါးနှစ်အထိ နူးကမ့်မှာ ဆက်ရှိနေတော့မှာကို မိမိတို့အတည်ပြုနိုင်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာကလည်း ဒီသတင်းကို အတည်ပြုကြေညာခဲ့ပြီး "ကစားသမားနဲ့ ကလပ်အသင်းကြားမှာ ၂၀၂၆ အထိ စာချုပ်သစ်ချုပ်ဆိ်ုဖို့ သဘောတူညီမှုရရှိခဲ့ပြီး လျော်ကြေးအဖြစ် ယူရို ၁ ဘီလီယံကို ထည့်သွင်းထားပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပါဝင်ခဲ့ပါတယ်။ စပိန်၊ ဘာစီလိုနာတို့နဲ့အတူ ထင်ရှားတောက်ပလာခဲ့တဲ့ ပီဒရီဟာ လက်ရှိမှာ ချိးကျူးမှုတွေအများအပြားရရှိနေသူဖြစ်ပြီး နှစ်သင်းစလုံးမှာ ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပါတယ်။

တစ်နှစ်တာကာလအတွင်းမှာ လူငယ်ကစားသမားတစ်ဦးလို့တောင် မထင်မှတ်ရလောက်အောင် စုစုပေါင်း ၇၄ ပွဲအထိ ကစားပေးထားသူဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကြီး၊ ဘာစီလိိုနာ၊ စပိန်လူငယ်အသင်းတို့နဲ့အတူ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကို ဝင်ရောက်ကစားပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ မပင်မပန်းကစားနိုင်စွမ်းက အားလုံးကို အံ့အားသင့်စေခဲ့ရပါတယ်။ 

ဘာစီလိုနာကတော့ ပီဒရီနဲ့အတူ နောက်ထပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ဂါဗီကိုပါ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အဆိုပါစပိန်လူငယ်ကစားသမားနှစ်ဦးဟာ လက်ရှိမှာ ဥရောပရဲ့ အကျော်ကြားဆုံးလူငယ်ကစားသမားတွေအဖြစ် ရပ်တည်နေပြီဖြစ်ကာ အသင်းတိုင်းရဲ့စောင့်ကြည့်မှုကိုပါ ခံယူနေရတာဖြစ်ပါတယ်။ 

Share

က္က