အော်ဘာမီယန်ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

စနေနေ့ရဲ့ အစောဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် နဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲကို ဒီနေ့ည (ရး၀၀)မှာ ကစားခဲ့ကြပါတယ်။ အာဆင်နယ်အသင်းမှာ ပုံမှန်နေရာပျောက်နေတဲ့ ကွင်းလယ်ကစားသမား အိုဇေးလ် ပါဝင်လာခဲ့ပြီးတော့ အသင်းကို ဦးဆောင်ကစားခဲ့တာကို



မြင်တွေ့ခဲ့ရပါတယ်။

အာဆင်နယ်မှာ အဓိကကစားသမား အစုံအလင်ပါဝင်နေခဲ့ပြီး ဆောက်သမ်တန်ကို ရှုံးနိမ့်မှုကနေ ရုန်းထွက်ဖို့အတွက် အကောင်းဆုံးပြင်ဆင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ အိုဇေးလ်၊ လာကာဇက် နဲ့ အော်ဘာမီယန်တို့ကို အသုံးပြုသွားခဲ့ပါတယ်။ ဘန်လေကလည်း ခရစ္စဝုဒ် နဲ့ ဘားနက်စ်တို့ကို တိုက်စစ်အတွဲအဖြစ် ထားရှိခဲ့ပြီး အဓိကကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ပွဲစတာနဲ့ အာဆင်နယ်က တိုက်စစ်ကို မြှင့်တင်ကစားခဲ့ပြီး ဂိုးရဖို့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေနောက်တန်းနဲ့ ဂျိုးဟတ်တို့ ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ် အဖွင့်ဂိုးနဲ့ ဝေးခဲ့ပါတယ်။ ဒါပေမယ့်လည်း (၁၄)မိနစ်မှာတော့ အိုဇေးလ်ရဲ့ ပါးနပ်တဲ့ ပေးပို့မှုကို ကိုလာစီနက်က ထပ်ဆင့်ဖန်တီးပေးမှုကို အော်ဘာမီယန်က ဧရိယာအတွင်းကနေ အပိုင်ကန်သွင်းခဲ့လို့ အာဆင်နယ် အဖွင့်ဂိုး ရခဲ့ပါတယ်။

ပွဲကိုအာဆင်နယ်က လွှမ်းမိုးနိုင်ခဲ့ပြီး ဘန်လေဟာ အာဆင်နယ်ရဲ့ ကစားကွက်အောက် ရောက်နေခဲ့ပါတယ်။ ဒုတိယပိုင်း (၄၈)မိနစ်မှာလည်း လာကာဇက်ရဲ့ အကွက်မြင်မှုကနေ အော်ဘာမီယန်ကပဲ လှလှပပ ကန်သွင်းယူပေးခဲ့လို့ အာဆင်နယ်တို့ ဒုတိယဂိုးရရှိသွားခဲ့ပါတယ်။ တန်ပြန်တိုက်စစ်ကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဆင်နယ်ရဲ့ သွက်လက်တဲ့ ကစားပုံကြောင့်လည်း ဘန်လေတို့ ဂိုးပေးခဲ့ရတာပါ။

(၆၃)မိနစ်မှာ အာဆင်နယ်နောက်တန်း ဖျက်ထုတ်ပုံအားနည်းမှုကနေ ဘားနက်စ်က ချေပဂိုးတစ်ဂိုး ဘန်လေအတွက် သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘန်လေကစားအားတက်လာခဲ့ပြီး နောက်ထပ်ချေပဂိုးတွေ ရဖို့ အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ထိန်းချုပ် ကစားနိုင်ခဲ့လို့ ဘန်လေအခက်တွေ့ခဲ့ရပါတယ်။ မိနစ်ကိုးဆယ်မှာတော့ အိုဇေးလ်ရဲ့ တစ်ကိုယ်တော်စွမ်းရည်နဲ့ ဖန်တီးပေးမှုကနေ အီဝိုဘီက အာဆင်နယ်အတွက် အနိုင်သေချာမယ့်ဂိုးကို သွင်းယူပေးခဲ့လို့ အာဆင်နယ်တို့ အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က