မန်ယူကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရခဲ့တာပါ။

ကိန်းက ဒီရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀ အထိ သွင်းယူထားပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦးပါ။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလတစ်ခု နားနေရတဲ့ စပါး အသင်းခေါင်းဆောင် ကိန်းကတော့ လာမယ့် စနေနေ့မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ပွဲထွက်လာဖွယ်ရှိနေတယ်လို့ BBC SPORT ကဖော်ပြပါတယ်။



အသက် ၂၅ နှစ်အရွယ်အင်္ဂလန်အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ကိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မန်ယူနဲ့ ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့ပြီး နားနေခဲ့ရတာပါ။

ကိန်း မပါဝင်နိုင်ပေမယ့် စပါးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်ကို အနိုင်ကစားထားနိုင်ပြီး ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာဆို ၃ ဂိုးပြတ်နဲ့တောင် နိုင်ထားတာပါ။ လက်ရှိအချိန်မှာတော့ ကိန်း ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပေမယ့် အခြား တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒယ်လ်အလီရဲ့ သတင်းကတော့ မသိရသေးပါဘူး။

စပါးအသင်းကတော့ ဒီနှစ် ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာကို ရပ်တည်ထားနိုင်ပြီး အဆင့် ၁ နေရာက မန်စီးတီးအသင်းအောက် တစ်ပွဲလျော့ ရမှတ် ၅ မှတ်လျော့ အနေအထားမှာ ရှိနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က