ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ မက်ဆီ၊ နေမာ၊ ဘတ်ပီတို့ ဦးဆောင်လာမယ့် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့်ပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ်က ဒီနေ့ခေတ်မှာ ဘောလုံးက အသင်းလိုက်ကစားပုံပေါ်မှာ ပိုမိုမူတည်နေပြီး တဦးချင်းအပေါ် မှီခိုမှုနည်းပါးလာပြီလို့ ပြောဆိုလိုက်ပါတယ်။ ကော်တွိုက်စ်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး ၃ ဦးနဲ့ တပြိုင်တည်းမှာ ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။
ဒီပွဲစဉ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ပရိသတ်စိတ်အဝင်စားဆုံးပွဲလည်းဖြစ်ပါတယ်။ စပိန်သတင်းစာ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကော်တွိုက်စ်က ပြောဆိုခဲ့တာဖြစ်ပြီး ဒါဟာ ပြိုင်ဘက်အသင်းကို ကစားသမားကောင်းတွေရှိနေပေမယ့် တဦးချင်းအပေါ်မှာ ရလဒ်က မူတည်မှာမဟုတ်ဘူးလို့ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။
"ဒါပေမယ့်လည်း အဲဒီအရာထက် အသင်းတသင်းအနေနဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ရပ်တန်ဖို့က ပိုပြီးတော့ စိုးရိမ်ဖို့ကောင်းပါတယ်" လို့ ကော်တွိုက်စ်က ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ ချန်ပီယံလိဂ်မှာ မက်ဆီရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ နောက်တဆင့်ကို အလွယ်တကူတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ကလည်း
ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေပြသနေလို့ သူတို့နှစ်သင်းတွေ့ဆုံမှုက တကယ်ပွဲကြီးပွဲကောင်းဖြစ်လာမှာ သေချာပါတယ်။