ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကို ပေါင် ၁၀၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်မန်းကို ဘာစီလိုနာက နေမာကိုပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အထောက်အကူဖြစ်စေဖို့ အသုံးပြုတော့မှာလည်းဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နေမာကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အန်တိုနီယိုဂရစ်မန်းကို အသုံးချသွားဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကမှ ဘာစီလိုနာကို ပေါင် ၁၀၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂရစ်မန်းကို ဘာစီလိုနာက နေမာကိုပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းမှုမှာ အထောက်အကူဖြစ်စေဖို့ အသုံးပြုတော့မှာလည်းဖြစ်ပါတယ်။
စပိန်သတင်းဌာနများအပြားက ဘာစီလိုနာဟာ နေမာနဲ့ အင်တာမီလန်တိုက်စစ်မှူးမာတီနက်ဇ်တို့ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ အခိုင်အမာဖော်ပြနေခဲ့ကြပါတယ်။ နေမာရဲ့ အပြောင်းအရွှေ့မှာ ဂရစ်မန်းနဲ့ အလဲအထပ်ပြုလုပ်သွားဖို့ ဘာစီလိုနာက ကြံစည်နေပြီး အောင်မြင်မှုရရှိလိမ့်မယ်လို့လည်း မျှော်လင့်နေကြောင်း Sky Sports က ဖော်ပြသွားခဲ့ပါတယ်။
ဂရစ်မန်းကို ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပြီး ဒီအပေါ်မှာ အခွင့်ကောင်းယူသွားဖို့ ဘာစီလိုနာက ကြိုးစားနေတာဖြစ်ပါတယ်။ ဂရစ်မန်းရဲ့ တန်ဖိုးဟာ ပေါင်သန်း ၉၀ ခန့်ရှိနေပြီး ဘာစီလိုနာက ပြန်လည်ရောင်းချပြီး နေမာကိုခေါ်ယူဖို့ ငွေကြေးရှာဖွေသွားဖို့ ရည်ရွယ်ထားသလို အလဲအထပ်ပြုလုပ်ဖို့နည်းလမ်းကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ သိရပါတယ်။
နေမာကို ပေါင် ၁၃၅သန်းခန့်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာက မျှော်လင့်ထားပြီး တကယ်လို့သာ ဂရစ်မန်းကို ရောင်းချနိုင်ခဲ့မယ်ဆို ပေါင်သန်း ၄ဝခန့်သာ ထပ်မံသုံးစွဲရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူချင်နေတာကြောင့် အလဲအထပ်ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားကာ အဆိုပါနည်းလမ်းနှစ်ခုထဲက တစ်ခုက အောင်မြင်လိမ့်မယ်လို့ ယူဆနေပါတယ်။
နေမာကတော့ ၂၀၁၇ မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာမှာ လေးနှစ်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကာ မက်ဆီ၊ဆွာရက်ဇ်တို့နဲ့ တွဲဖက်ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အတွဲအဖက်ကို တည်ဆောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။