ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ဖူးတဲ့ ကစားသမားဟောင်း ခရစ္စတိုဖာဒူဂါရေးက နေမာ ရာသီကုန်အထိ အနားယူရတာဟာ ပီအက်စ်ဂျီအတွက် ကံကောင်းတာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နေမာ ဒဏ်ရာရပြီး ရာသီကုန်အထိ အနားယူရမယ့်အပေါ်မှာလည်း သူ ကျေနပ်ပျော်ရွှင်မိတယ်လို့ ဒူဂါရေးက ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကာ ဘာကြောင့်လဲဆိုတာကိုပါ ရှင်းပြသွားခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြဂဲလ်တီယာဟာ နေမာမပါဝင်နိုင်တဲ့နောက် ၃-၅-၂ ကစားကွက်ကို အခြေခံပြီး မာဆေးလ်နဲ့ပွဲမှာ ဘတ်ပီနဲ့ မက်ဆီတို့နှစ်ဦးတည်းကို တိုက်စစ်တင်ကစားခဲ့ရာမှာ ၃-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒ့ါအပြင် နန့်တက်စ်နဲ့ပွဲမှာလည်း ၄-၂ နဲ့ အနိုင်ရခဲ့ပြီး မက်ဆီရော၊ ဘတ်ပီပါ ဂိုးသွင်းနိုင်ခဲ့ကာ နိုင်ပွဲဆက်ခဲ့ပြီး နေမာမပါဝင်ချိန်မှာ တပွဲကို အနည်းဆုံး ၃ ဂိုးအထိ သွင်းယူနေခဲ့ပါတယ်။
RMC Sport ကတဆင့် ဒူဂါရေးက "နေမာဒဏ်ရာရသွားလို့ ပီအက်စ်ဂျီအတွက် ကျနော်ပျော်ရွှင်မိတယ်၊ ဒါက အံ့မခန်းအခွင့်အရေးပါပဲ၊ ဂဲလ်တီယာအတွက်လည်း အံ့အားသင့်ဖွယ်ရာ ကံကောင်းမှုပါ၊ အသင်းက ခံစစ်မှူးငါးယောက်၊ ကွင်းလယ်လူသုံးယောက်၊ မက်ဆီနဲ့ ဘတ်ပီတို့ တိုက်စစ်မှာဆိုရင် ဟန်ချက်ညီနေတာပါ၊ သူ့ကို (နေမာ) ကျနော် မတွေ့ချင်တော့ဘူး၊ သည်းမခံနိုင်တော့ဘူး"
"သူ့ရဲ့ သည်းမခံနိုင်လောက်တဲ့ Dribble တွေ၊ အမူအကျင့်တွေကြောင့် ကွင်းထဲမှာ သူ့ကို မြင်ကိုမမြင်ချင်တော့တာပါ၊ ကျနော် အရမ်းမောနေပြီ" လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နေမာမပါဝင်နိုင်တာကြောင့် ဂဲလ်တီယာရဲ့ အသင်းမှာ နေက်ထပ် တိုက်စစ်မှူးအဖြစ် အသက် ၂၀ အရွယ်သာရှိသေးတဲ့ အီကီတီကီသာ ရှိနေပါတော့တယ်။
ပီအက်စ်ဂျီဟာ ဒီနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ကစားရမှာဖြစ်ပါတယ်။ ပထမအကျော့တုန်းကတော့ အိမ်ကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်ခဲ့လို့ မဖြစ်မနေအနိုင်ကစားရမှာလည်းဖြစ်ပါတယ်။