စပိန်နဲ့ပြင်သစ်သတင်းဌာနတွေက ဖော်ပြခဲ့ကြတာပါ။

အသင်းဖော်တိုက်စစ်မှူးနေမာကို ရောင်းထုတ်ဖို့အတွက် ဘတ်ပီဘက်က တွန်းအားပေးမှုတ​ွေရှိနေတယ်လို့ သတင်းတွေထွက်လာပါတယ်။ နေမာရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအားနည်းတဲ့အပေါ်မှာ ဘတ်ပီက ဒေါသထွက်နေပြီး အသင်းအဝတ်လဲခန်းကို ပြသနာဖြစ်စေမယ့်သူတဦးအဖြစ် ရှုမြင်ထားတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ 

ဘတ်ပီကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဆိုထားသူဖြစ်ပြီး စာချုပ်သစ်ပါ သဘောတူညီချက်တွေအရ အသင်းရဲ့အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ဝင်ရောက်ပြောဆိုခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း ပြင်သစ်သတင်းဌာန L'Equipe ရဲ့ ဖော်ပြချက်အရဆိုရင် ဘတ်ပီနဲ့ နေမာကြား ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ရာသီက ဆိုးရွားနေခဲ့တယ်လို့ သိရပြီး တဦးအကြောင်းတဦးကို နောက်ကွယ်မှာ ပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။ 

ဒီနွေရာသီမှာတော့ ပီအက်စ်ဂျီက နေမာအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုတွေရရင် ရောင်းထုတ်မယ်ဆိုတဲ့ သတင်းတွေက ပိုမိုဆူညံလာခဲ့ပြီး စပိန်သတင်းစာ El Pais ကလည်း ဘတ်ပီက ဒီဆုံးဖြတ်ချက်ကိုထောက်ခံပြီး ကစားသမားကို မြန်မြန်ရောင်းထုတ်နိုင်ရင် အဆင်ပြေလိမ့်မယ်လို့ဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ နေမာရဲ့ လုပ်ဆောင်နေမှုတွေက စည်းကမ်းမဲ့လွန်းတယ်လို့လည်း ဘတ်ပီက အသင်းပိုင်ရှင်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒဏ်ရာပြသနာတွေအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

အသင်းပိုင်ရှင်ကာတာသူဌေးတွေကတော့ နေမာရဲ့ အနာဂတ်အတွက် မှတ်ချက်ပြုတာမျိုးမရှိခဲ့ပေမယ့် ဘတ်ပီပြောဆိုတာတွေကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ လက်ခံနိုင်လောက်တဲ့ ကမ်းလှမ်းမှုမျိုးကို စောင့်ဆိုင်းနေပြီး ချယ်လ်ဆီးက နေမာကို စိတ်ဝင်စားနေတယ်လို့ သိရကာ နေမာရဲ့ အဖေကတော့ သူ့သားကို အသင်းကထွက်ခွာစေချင်တယ်ဆိုရင် လစာငွေ ဒေါ်လာသန်း ၂၄၀ ပေးချေဖို့ တောင်းဆိုခဲ့ကြောင်း El Pais ကပဲ ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က