အလိုက်ပေးကမ်းလှမ်းဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အသင်းမှာလေးနှစ်ကြာကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ နေမာကို ခေါ်ယူရေးမှာ ပီအက်စ်ဂျီဘက်က စိတ်ဝင်စားခဲ့ဖူးတဲ့ ဂရစ်မန်းကို ထည့်သွင်းကမ်းလှမး်ပါက အလုပ်ဖြစ်မယ်လို့လည်း ဘာစီလိုနာက ယုံကြည်နေပါတယ်။


ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းမှာကစားနေတဲ့ သူတို့ရဲ့တိုက်စစ်မှူးဟောင်းနေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ဂရစ်မန်းကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ Daily Express ရဲ့ ဖော်ပြချက်မှာ အသင်းဘုတ်အဖွဲ့က ဒီအပြောင်းအရွှေ့ကို ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလို့လည်း ရေးသားထားခဲ့တာကို တွေ့ရှိရပါတယ်။ 

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Deportes Cuatro Cited ကလည်း ဘာစီလိုနာက ကစားသမားတစ်ဦးအလိုက်ပေးကမ်းလှမ်းမယ့် အစီအစဉ်မှာ ဂရစ်မန်းကို ထည့်သွင်းလိမ့်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ကို ကြိုးပမ်းသွားတော့မှာဖြစ်ပြီး ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာမှာလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဂရစ်မန်းကို ဒီရာသီကမှ ခေါ်ယူထားခဲ့တာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကြေးယူရိုသန်း ၁၂ဝအထိပေးချေခဲ့ရပါတယ်။ ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ဂရစ်မန်းက ၁၄ ဂိုးသွင်းကာ ၆ ကြိမ်ဖန်တီးပေးထားခဲ့ပေမယ့် ထင်မှတ်ထားတဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တဲ့အပေါ်မှာ ဘာစီလိုနာဘက်က စိတ်ပျက်နေတယ်လို့လည်း သိရပါတယ်။

အသင်းမှာလေးနှစ်ကြာကစားခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ နေမာကို ခေါ်ယူရေးမှာ ပီအက်စ်ဂျီဘက်က စိတ်ဝင်စားခဲ့ဖူးတဲ့ ဂရစ်မန်းကို ထည့်သွင်းကမ်းလှမး်ပါက အလုပ်ဖြစ်မယ်လို့လည်း ဘာစီလိုနာက ယုံကြည်နေပါတယ်။ နေမာဟာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲဖက်ကာ MSN တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပြီး ဂိုးပေါင်း ၁၀၀ ကျော်အထိ ဘာစီလိုနာအတွက် သွင်းယူပေးနိုင်ခဲ့ကာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က