နေမာနဲ့ သတင်းတွေထွက်လာလို့ ဆာဟာက သတိပေးခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းကြီး လူးဝစ်ဆာဟာက နေမာနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် အသင်းကို သတိပေးပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်နေမာကို ခေါ်ယူဖို့ ယူနိုက်တက်တို့ ချဥ်းကပ်ခံရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။



ဒါပေမယ့် လက်ရှိအချိန်အထိ ကစားသမားနဲ့ အသင်းအကြား ဆွေးနွေးမှုတစ်စုံတစ်ရာမရှိသေးဘဲ ဒါတွေက သတင်းမှားအဖြစ်နဲ့သာ ရှိနေဆဲပါ။ နေမာဟာ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး တိုက်စစ်ပိုင်း အားဖြည့်ရမယ့် ယူနိုက်တက်နဲ့ အချိန်ကိုက် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဆာဟာကတော့ ဒီကောလာဟလတွေအပေါ် သဘောကျနှစ်သက်ခြင်းမရှိဘဲ နေမာကို ထိန်းသိမ်းရခက်တဲ့ ကစားသမားအဖြစ် ယူဆနေပါတယ်။ ဆာဟာက “နေမာက သူ့ရဲ့ အရည်အချင်းအရ ကြယ်ပွင့်တစ်ယောက်ဖြစ်ပေမယ့် ထိန်းရသိမ်းရခက်ခဲတဲ့ ကစားသမားပါ။ ဒါကို သူ ဘာစီလိုနာမှာကတည်းက သက်သေပြပြီးသားပါ။ ဒါပေမယ့် နှစ်တွေကြာလာလို့ ပြောင်းလဲသွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“အဲရစ်တန်ဟက်ခ်လည်း ဒါကို စီမံခန့်ခွဲနိုင်ဖို့ အခက်တွေ့ပါလိမ့်မယ်။ လေးစားမှုနဲ့ ပြောရရင် နေမာတစ်ယောက် ယူနိုက်တက်မှာဆိုရင် အသားမကျနိုင်ပါဘူး။ ဒါပေမယ့် သူ အသားကျအောင် ကြိုးစားရမှာပါပဲ။ ပီအက်စ်ဂျီမှာ သူ့ရဲ့အကျိုးပြုနိုင်စွမ်းက အလုပ်မဖြစ်ခဲ့ပါဘူး။ သူ့ရဲ့ ကြံ့ခိုင်မှုက ဒီရာသီရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ နောက်ဆုံး (၄) လမှာ သူ့ကို ဆွဲချသွားပါတယ်”

“ဒါက သူ့ရဲ့ ပြင်ပနေထိုင်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကို ရောက်လာရင်တော့ သူ့ဆီကနေ အများကြီး မျှော်လင့်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးကြောင့်ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ နေမာရဲ့ ဒဏ်ရာမှတ်တမ်းတွေအရလည်း ယူနိုက်တက်တို့ နေမာကို ခေါ်ယူဖို့က ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စလို့ သုံးသပ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က