နေမာကို လက်လွှတ်ခံပြီး အသင်းကို ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတာပါ။

ပီအက်စ်ဂျီအသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီတို့အဖွဲ့ဟာ ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရတဲ့နောက် အသင်းရဲ့ နာမည်ကျော် ကစားသမား နေမာကို လက်လွှတ်ခံသွားဖို့ ပြင်ဆင်နေတဲ့အကြောင်း သတင်းတခုက ဖော်ပြခဲ့ပါတယ်။ 



နေမာကို ပီအက်စ်ဂျီတို့ ပြီးခဲ့တဲ့ (၂၀၁၇) မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၉၇) သန်းနဲ့ ဘာစီလိုနာကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နေမာအနေနဲ့ အသင်းအတွက် လိုအပ်တဲ့အချိန်တွေမှာ ဒဏ်ရာမကြာခဏရနေတာ၊ အရေးကြီးပွဲစဥ်တွေမှာ ခြေစွမ်းမပြနိုင်တာ၊ လိုအပ်တဲ့အလှည့်အပြောင်းတွေမလုပ်နိုင်တာတွေအပေါ် အသင်းပိုင်ရှင်ဘက်က စိတ်ကုန်နေတယ်လို့ သိရပါတယ်။ 

အထူးသဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခဲ့ရတဲ့နောက် ချန်ပီယံလိဂ်ဖလားကို အသည်းအသန်လိုချင်နေတဲ့ အယ်လ်ခီလိုင်ဖီက အသင်းကို ပြုပြင်မှုတွေ ပြုလုပ်သွားဖို့ စီစဥ်နေပါတယ်။ အယ်လ်ခီလိုင်ဖီက အမ်ဘာပေကို အသင်းမှာ အရထိန်းချုပ်ပြီး နေမာကို ရောင်းချဖို့ ဆန္ဒရှိနေတယ်လို့ ဂျာနယ်လစ် မိုလီနာက ဖော်ပြခဲ့ပါတယ်။ 

ဒါ့အပြင် နေမာကို ရောင်းချလို့ရတဲ့ ပြောင်းရွှေ့ကြေးက မြိုးမြိုးမြက်မြက်ရှိနိုင်တာကြောင့် ဒီငွေကြေးနဲ့ ကိုဗစ်ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ ပမာဏတွေကို ပြန်လည်ကာကွယ်နိုင်ဖို့လည်း အသင်းဘက်က မျှော်လင့်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ ပီအက်စ်ဂျီက ယူနိုက်တက်မှာ အနာဂတ်မရေရာတဲ့ ရပ်ရှ်ဖို့ဒ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိပါတယ်။ 

ရပ်ရှ်ဖို့ဒ်ဟာ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် သူ့ရဲ့အနာဂတ်ကို စဥ်းစားနေပါတယ်။ ဒါ့အပြင် အသင်းနဲ့ (၂၀၂၃) မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အနေအထားကြောင့် လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီတို့ ရပ်ရှ်ဖို့ဒ်ကို ပုံမှန်ထက် စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က