မန်စီးတီးကို နေမာပါ ထပ်ရောက်လာမယ်ဆိုရင်တော့ ပိုကြောက်စရာကောင်းတော့မှာပါ။

ပြင်သစ်နာမည်ကျော်သတင်းဌာနတခုဖြစ်တဲ့ L'Eqiupe က မန်စီးတီးနည်းပြဂွာဒီယိုလာဟာ နေမာကို ပထမဆုံးဆက်သွယ်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရတဲ့ နေမာဟာ ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ 

အခုအခါမှာ ဂွာဒီယိုလာက နေမာရဲ့ လာမယ့်ရာသီအပေါ် ဘယ်လိုမျိုးရင်ဆိုင်မလဲ၊ ရည်ရွယ်ချက်က ဘာတွေရှိလဲဆိုတာကို သိရှိနိုင်ဖို့ နေမာကို ဖုန်းဆက်သွယ်ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။ နေမာကို ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကလည်း စိတ်ဝင်စားနေပြီး မန်စီးတီးက အရင်ဆုံး ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ 

L'Equipe ကတော့ နေမာက မန်စီးတီးကို ပြောင်းရွှေ့ဖို့က မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချရေးသားခဲ့ပေမယ့် ပီအက်စ်ဂျီက ထွက်ခွာနိုင်တယ်ဆိုတာကိုတော့ ပယ်ချခြင်းမရှိခဲ့ပါဘူး။ နေမာဟာ အသင်းရဲ့ အောင်ပွဲခံအခမ်းအနားကို တက်ရောက်ခြင်းမရှိဘဲ မိုနာကိုမှာ ကျင်းပနေတဲ့ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲကို သွားရောက်ကြည့်ရှုခဲ့လို့ အသင်းနဲ့ ပရိသတ်တွေက ဒေါသထွက်နေပါတယ်။

နေမာကတော့ အသင်းပရိသတ်တွေက သူ့အိမ်ရှေ့ထိရောက်လာပြီး နှင်ထုတ်တာကို ရင်ဆိုင်ခံရပြီးနောက် အသင်းပြောင်းဖို့ စဉ်းစားနေပြီလို့လည်း သိရပါတယ်။ သူ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကိုတော့ မသိရသေးဘဲ သူ့ရဲ့ ဒဏ်ရာပြသနာမှတ်တမ်းတွေကတော့ သူ့ကိုခေါ်ယူချင်တဲ့ အသင်းတွေအတွက် စိုးရိမ်စရာတခုအဖြစ် ရှိနေကာ တော်တော်လေးစဉ်းစားပြီးမှသာ အရဲစွန့်ခေါ်ယူရဖွယ်ရှိပါတယ်။ 


ဂွာဒီယိုလာနဲ့ နေမာကတော့ ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပါတယ်။ အခုကတော့ နောက်ထပ်တကြိမ် ထပ်မံလက်တွဲဖို့ ဖြစ်လာမလားဆိုတာ စောာင့်ကြည့်ရပါတော့မယ်။

Share

Loading Next Article...
က္က