ရာမို့စ်က စီနီယာကစားသမားပီပီ ကြားဝင်ဖျန်ဖြေပေးခဲ့တာပါ။

ဘတ်ပီနဲ့ နေမာတို့ကြား တင်းမာမှုတွေဖြစ်နေမှုကို ပြန်လည်အဆင်ပြေဖို့အတွက် ပီအက်စ်ဂျီရဲ့ အားကစားအကြံပေးတာဝန်ယူထားတဲ့ လူး၀စ္စကမ်ပို့စ်က ကြားဝင်ဖြေရှင်းပေးလိုက်ပါတယ်။ တကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ ကင်မရာတွေရှေ့မှာ အခုလိုတွေ ထပ်မဖြစ်ဖို့အတွက် သူတို့နှစ်ဦးကို သီးသန့်တွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။ မောင့်ပယ်လီယာနဲ့ပွဲမှာ ပင်နယ်တီလုကန်ဖို့အထိ ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့် အသင်းတွင်းမှာ ကစားသမားတွေ အာဏာချင်းပြိုင်နေတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။ 

Le Parisien ရဲ့ ဖော်ပြချက်အရဆိုရင် နေမာနဲ့ ဘတ်ပီတို့ကြားမှာ ပြသနာတွေပြေလည်သွားအောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ သူက ဝါရင့်နောက်ခံလူရာမို့စ်ဖြစ်တယ်လို့ သိရပါတယ်။ မောင့်ပယ်လီယာနဲ့ပွဲအပြီးမှာ ရာမို့စ်က အသက်အရ၊ ဝါအရ ကြီးမြင့်သူပီပီနေမာတို့နှစ်ဦးပြေလည်အောင် ညှိနှိုင်းပေးခဲ့ပြီး တင်းမာမှုတ​ွေကို လျှော့ချပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဘတ်ပီ နဲ့ နေမာတို့ကြား ဆက်ဆံရေးက တော်တော်လေးဆိုးရွားနေတာဖြစ်ပြီး တယောက်နဲ့တယောက် အမြင်မကြည်မှုတွေက တိုးသထက် တိုးနေခဲ့တာပါ။ ဘတ်ပီက ပီအက်စ်ဂျီကို ပို်ငဆိုင်နေပြီလို့ ရေးသားခဲ့တဲ့ ပရိသတ်နှစ်ဦးရဲ့ တွစ်တာပို့စ်ကိုလည်း နေမာက Like လုပ်ခဲ့ပြီး ဘတ်ပီအပေါ် သူ အမြင်မကြည်ဖြစ်နေတာတွေကို အတိအလင်းဖြစ်စေခဲ့ပါတယ်။ 

ရာမို့စ်ရဲ့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ပြုလုပ်မှု၊ ကမ်ပို့စ်ရဲ့ သတိပ​ေးမှုတွေကြောင့် သူတို့နှစ်ဦးကြား ပြသနာက ပြန်ပြေလည်သွားဖွယ်ရာရှိနေပါတယ်။ လာမယ့် လိုင်လီနဲ့ကစားရမယ့်ပွဲမှာ သူတို့နှစ်ဦးကြား ဆက်ဆံရေးတွေ ဘယ်လိုရှိမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ကမ်ပို့စ်ကတော့ မောင့်ပယ်လီယာကပွဲလိုပုံစံမျိုး ထပ်မဖြစ်ဖို့အတွက် ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ 


Share

Loading Next Article...
က္က