ပြိုင်ပွဲစုံ ၂၁ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မဝေးလှတဲ့ အနာဂတ်ကာလမှာ ဘရာဇီးလ်ကြယ်ပွင့်နေမာအတွက် အစားထိုးခေါ်ယူမှုအဖြစ် ဘာစီလိုနာကြယ်ပွင့် အူစ်မန် ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းက ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတဲ့ ကြယ်ပွင့်ကစားသမားအတွက် ဈေးပေါပေါနဲ့ ထွက်ခွာခွင့်ပေးမှာမဟုတ်တာကြောင့် လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ ယူရိုသန်း ၁၀၀ ဝန်းကျင်လောက် ပေးချေရမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်ကနေ ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း အလွန်ကောင်းမွန်တဲ့ခြေစွမ်းကို မကြာခဏပြသခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပြင်သစ်တောင်ပံကစားသမားဟာ ဘာစီလိုနာအသင်းကို လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်အပါအဝင် ဆုဖလား ၅ လုံးအထိ ကိုင်မြှောက်နိုင်အောင် ကူညီပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ကြောက်မက်ဖွယ် မြန်နှုန်းနဲ့ လျင်မြန်တဲ့ အလိမ်အခေါက်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ဒမ်ဘီလီဟာ လက်ရှိ ၂၀၂၂-၂၀၂၃ ရာသီ နူးကမ့်မှာ နည်းပြ ဇာဗီရဲ့ ပထမအသင်း ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် သက်သေပြသထားနိုင်သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကနေ ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၂၁ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ နည်းစနစ်ပိုင်းကောင်းမွန်မှု၊ ပြင်သစ်လက်ရွေးစင်အသင်းဖော် ခီလီယန် အမ်ဘာပေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားမှုကြောင့် နေမာရဲ့နေရာမှာ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တယ်လို့ SPORT က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်နဲ့ အတူ ကိုင်မြှောက်နိုင်ခဲ့တဲ့ ဒမ်ဘီလီရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို အသက်သွင်းဖို့ ကြိုတင်ပြင်ဆင်နေပေမယ့်လည်း ဘာစီလိုနာဟာ ကြယ်ပွင့်ကစားသမားရဲ့ စာချုပ်လျော်ကြေးကနေ ယူရို ၂၅ သန်းလောက်သာ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ အူ့စ်မန် ဒမ်ဘီလီအတွက် ယူရို သန်း ၁၀၀ ဝန်းကျင်လောက် ကြောက်မက်ဖွယ်ကောင်းတဲ့ပမာဏကို တောင်းဆိုသွားမှာဖြစ်ပြီး အဲဒီအပြင် ဘာစီလိုနာဟာ ယခုနွေရာသီအစောပိုင်းတုန်းက စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြင်သစ်တောင်ပံကစားသမားကို ဒုတိယအကြိမ်မြောက် စာချုပ်သက်တမ်းတိုးသွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။


ရင်းနေးလူငယ်အကယ်ဒမီထွက် ကစားသမားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒမ်ဘီလီဟာ ဘာစီလိုနာအတွက် ပြိင်ပွဲစုံ ၁၇၁ ပွဲမှာ သွင်းဂိုး ၃၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၁ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ တစ်ဖက်မှာတော့ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၁၆၅ ပွဲမှာ သွင်းဂိုး ၁၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ်ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက စုစုပေါင်း ဆုဖလား ၁၃ လုံး ကိုင်မြှောက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

Share

Loading Next Article...
က္က