ဟာလန်းရဲ့ စာချုပ်လျော်ကြေးယူရိုသန်း ၂၀၀ ပေးချေသွားချင်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီနဲ့နေမာတို့ကို ယခုလာမယ့် နွေရာသီမှာ လမ်းခွဲပြီး အာလင်း ဟာလန်းရဲ့ စာချုပ်လျော်ကြေးယူရိုသန်း ၂၀၀ ပေးချေသွားချင်နေတယ်လို့ သိရပါတယ်။

စပိန်သတင်းဌာန La Razon ရဲ့ ဖော်ပြချက်အရ ပြင်သစ်လီဂူးဝမ်း ထိပ်သီးအသင်းကြီးဟာ ဘရာဇီးလ်တိုက်စစ်မှူး နေမာရဲ့ အဆက်မပြတ် ဒဏ်ရာ ရရှိနေမှုကို စိတ်ပျက်နေတယ်လို့ သိရပြီး ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် နောက်ဆုံး ၅ ပွဲကို လွဲချော်ခဲ့ပြီး ရာသီကုန်တဲ့အထိ အနားယူရမယ်လို့ သိရပါတယ်။

 

ဒီဒဏ်ရာဟာ ယခုရာသီမှာ နေမာအတွက် ပထမဆုံး ဒဏ်ရာကြီးကြီးမားမား ရရှိမှုဖြစ်ခဲ့ပေမယ့်လည်း ဒီဒဏ်ရာမတိုင်ခင် ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာပြီးကတည်းက ကြံ့ခိုင်မှုပြဿနာကြောင့် ၁၀၄ ပွဲ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးပမာဏ ရရှိဖို့ မျှော်လင့်နိုင်သေးတာဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီကတော့ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အလွတ်နဲ့ ထွက်ခွာခွင့်ပေးရဖွယ်ရှိနေပြီး ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနားကြယ်ပွင့်ရဲ့ မကြာသေးမီက ဘိုင်ယန်မြူးနစ်ကို ၂ ကျော့ပေါင်း ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ၂ ကျော့စလုံးက ခြေစွမ်းကို မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့က ရင်းနေးကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မက်ဆီက ယခုရာသီ ဒုတိယမြောက် လိဂ်ရှုံးပွဲကို ရှောင်လွှဲနိုင်အောင် မကူညီပေးနိုင်ခဲ့တဲ့အတွက်လည်း စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ နေမာနဲ့ မက်ဆီတို့ ၂ ဦးစလုံးကို ရောင်းထုတ်ပြီး ဟာလန်းကို အမ်ဘာပေနဲ့ တွဲပေးချင်နေတယ်လို့ သိရပါတယ်။

 

ဂျာနယ်လစ် ဒန်နီရယ် ရီအိုလိုက RMC Sport ကို “ဟာလန်းက မန်ချက်စတာမှာ အရမ်းပျော်နေတဲ့ပုံမပေါ်ဘူး။ သူက အဆင်မပြေသလို သူကစားချင်တဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး။ အခု ခင်ဗျားသိရမှာက မန်စီးတီးက လူတွေက ကာတာပိုင်ရှင်တွေရှိတဲ့ကလပ်အသင်းကို ကစားသမား ရောင်းချချင်တဲ့ဆန္ဒရှိလားဆိုတာပဲ။ ဘာလို့လဲဆိုတော့ အဲဒါက နိုင်ငံရေးပြဿနာတွေ ဝင်လာနိုင်တဲ့နေရာဖြစ်နေလို့ပါ။”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က