ဘတ်ပီကို ခေါ်ယူဖို့ စတင်နေပါပြီ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှ့ကြေးပေးချေကာ ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ နေမာနဲ့ မက်ဆီတို့ ရာသီကုန်ရင် အသင်းကထွက်ခွာမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ ပီအက်စ်ဂျီအတွက်တော့ ဒီသတင်းက ထိတ်လန့်စရာဖြစ်လာခဲ့ပါတယ်။ မက်ဆီ၊ နေမာတို့ ထွက်ခွာဖို့ နီးစပ်နေချိန်မှာ ဘတ်ပီကိုပါ ဆုံးရှုံးလိုက်မယ်ဆိုရင် ဒါဟာ ပီအက်စ်ဂျီအတွက်တော့ တော်တော်လေးအင်အားချိနဲ့သွားမှာ သေချာပါတယ်။

ဘတ်ပီကတော့ ဒီရာသီမှာလည်း ပီအက်စ်ဂျီအတွက် ခြေစွမ်းပြကစားပေးနေပြီး လီဂူးရွှေဖိနပ်ဆုအတွက် လိုင်ယွန်တိုက်စစ်မှူးလာကာဇက်နဲ့ အပြိုင်ဖြစ်နေပါတယ်။ ဘတ်ပီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့်လည်း လက်ရှိအချိန်မှာ အသင်းတွင်း အခြေအနေတွေက သူ့ကို စိတ်ပျက်ဖွယ်ရာတော့ ရှိနေစေပါတယ်။ 

ဘတ်ပီကို ပြီးခဲ့တဲ့နှစ်တွေကတည်းက အလိုရှိနေခဲ့ပြီး ကမ်းလှမ်းမှုတွေလုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီက သူတို့ကစားသမားကို မက်မောလောက်ဖွယ်ရာ ခံစားခွင့်တွေ ပေးချေကာ အသင်းမှာ ဆက်နေဖို့ စည်းရုံးနိုင်ခဲ့တာပါ။ အတည်မပြုနိုင်တဲ့ အသင်းတွေအရ အဲဒီတုန်းက ရီးရဲလ်ဟာ ဘတ်ပီကို ပေါင် ၁၅၆ သန်းနဲ့ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။ 

လက်ရှိမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် နေမာက ရပ်တည်နေပြီး သူ့ကို ခေါ်ယူတုန်းက ပီအက်စ်ဂျီတို့ ယူရို ၂၂၂ သန်းအထိ ပေးချေခဲ့ရပါတယ်။ ရီးရဲလ်အနေနဲ့ ကမ္ဘာ့စံချိန်တင်စျေးပေးမယ်ဆိုရင် ယူရိုသန်း ၂၅၀ အထိ ပေးချေဖွယ်ရာရှိကာ ပီအက်စ်ဂျီကတော့ သူတို့ကစားသမားကို ရောင်းချမှာမဟုတ်တာတော့ သေချာပါတယ်။ 

ဒါပေမယ့် ဘန်ဇီမာရဲ့ နေရာအတွက် တိုက်စစ်မှူးတဦး မဖြစ်မနေ အစားထိုးရတော့မယ့် ရီးရဲလ်အတွက်တော့ ဘတ်ပီကို မရရအောင်ခေါ်ယူမယ့် သဘောမှာရှိပါတယ်။ ဘတ်ပီအနေနဲ့လည်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက်ဆိုရင် ပီအက်စ်ဂျီကထွက်ခွာပြီး ရီးရဲလ်ကို ပြောင်းရွှေ့မှလို့ နားလည်ထားကြောင်းလည်း သိရပါတယ်။ 


Share

Loading Next Article...
က္က