တကယ့်ထိပ်ထိပ်ကြဲတွေနဲ့မှ ဆက်တိုက်ကို ရန်ဖြစ်နေတာပါ။

ပီအက်စ်ဂျီအသင်းတွင်းမှာတော့ အခြေအနေတွေက တော်တော်လေးဆိုးရွားနေပါပြီ။ L'Equipe ရဲ့ ဖော်ပြချက်အရ မာဆေးလ်နဲ့ပွဲမတိုင်ခင်မှာ လေ့ကျင့်ခန်းဆင်းနေတဲ့အချိန် မက်ဆီနဲ့ ဗီတင်ဟာတို့ အချင်းများခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဗီတင်ဟာက နေမာနဲ့ အငြင်းပွားမှုတွေဖြစ်အပြီးမှာ မက်ဆီနဲ့ပါ ကတောက်ကဆတွေဖြစ်ခဲ့တာပါ။ ပီအက်စ်ဂျီရဲ့ တကယ့်ကစားသမားတွေနဲ့မှ ပြသနာတွေက ဆက်တိုက်တက်နေတဲ့ ဗီတင်ဟာကတော့ တကယ်ကိုထူးခြားလွန်းပါတယ်။

ပေါ်တူဂီကွင်းလယ်လူနဲ့ မက်ဆီဟာ ဘောလုံးယှဉ်လုရင်းကနေ ဖြစ်ပွားခဲ့တာပါ။ ဗီတင်ဟာက မက်ဆီကို ခပ်ကြမ်းကြမ်းကစားခဲ့ပြီး မက်ဆီက သူ့ကို ဒီလိုမျိုးမကစားဖို့အတွက် ပြောဆိုခဲ့ပေမယ့် နောက်ထပ်တကြိမ်မှာလည်း အလားတူထပ်မံဖြစ်ပွားခဲ့တာကြောင့် မက်ဆီက ဒေါသထွက်ပြီး တုံ့ပြန်ပြောဆိုမှုတွေ ထပ်မံလုပ်ခဲ့တယလို့ သိရပါတယ်။ 

ပီအက်စ်ဂျီအတွက်လည်း ဒါက ဒေါသထွက်စရာသတင်းဖြစ်လာခဲ့ပါတယ်။ မက်ဆီကို သူတို့က စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေရတာဖြစ်ပြီး အသင်းတွင်းမှာ အခုလိုဖြစ်ခဲ့တာက မက်ဆီ အသင်းကနေပါ ထွက်ခွာသွားနိုင်တဲ့အထိ ဂယက်ထနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဗီတင်ဟာကိုပါ ရောင်းထုတ်သွားနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ယူဆရပါတယ်။ 

ပီအက်စ်ဂျီဟာ အမှတ်ပေးဇယားမှာ သူတို့ကို အနီးကပ်ဖိအားပေးနေတဲ့ မာဆေးလ်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို ကစားဖို့ရှိနေတာပါ။ ဒီလိုအရေးကြီးပွဲစဉ်တွေကို နေမာက ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တဲ့အချိန် အသင်းသားတွေကြားမှာလည်း ဒီလိုဖြစ်ပွားနေခဲ့တာက သူတို့အတွက်တော့ တကယ်ကို စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။ 


Share

Loading Next Article...
က္က