ဂွါဒီယိုလာရဲ့ ကစားကွက်ထဲမှာ တောက်ပနိုင်မှာဖြစ်တာကြောင့် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရီဗယ်လ်ဒိုက နေမာအနေနဲ့ ပီအက်စ်ဂျီကို စွန့်ခွာခဲ့မယ်ဆိုရင် ပြောင်းရွှေ့ဖို့ အသင့်တော်ဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းကို သတ်မှတ်ပေးခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဟောင်း ရီဗယ်လ်ဒိုက ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းအတွက် ကွက်တိအံဝင်လိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရီဗယ်လ်ဒိုက နေမာအနေနဲ့ ယခုလမှာ ပီအက်စ်ဂျီကို စွန့်ခွာမယ်လို့ မမြင်ဘဲ အဲဒီလိုသာ ထွက်ခွာခဲ့ရင် ယခုရာသီ လီဂူးဝမ်းထိပ်သီးအသင်းကြီးရဲ့ ရည်မှန်းချက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နေမာသာ ပဲရစ်မှာ မပျော်ပိုက်လို့ စွန့်ခွာခဲ့မယ်ဆိုရင် ရီဗယ်လ်ဒိုက ဂွါဒီယိုလာရဲ့ ကစားကွက်ထဲမှာ တောက်ပနိုင်မှာဖြစ်တာကြောင့် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့တာဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ရက်တွေမှာ နေမာက ပီအက်စ်ဂျီကို မကြာခင် စွန့်ခွာမယ့်အကြောင်း ကောလာဟလအချို့ ရှိနေခဲ့ပြီး နယူးကာဆယ်လ်နဲ့ မန်စီးတီးက အဲဒါကို အာရုံစိုက်နေကြတာကြောင့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်နေခဲ့ပါတယ်"

"ရိုးရိုးသားသားပြောရရင် ဒီအပြောင်းအရွှေ့ဈေးကွက်မှာတော့ အဲဒါ ဖြစ်လာမယ်လို့ ကျွန်တော် မမြင်ပါဘူး။ ဒါပေမယ့် အဲဒါက ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ လျော်ကြေးပေးဖို့ သူ့ကို ရောင်းချနိုင်တဲ့ အခွင့်အရေးရှိရင် ရာသီကုန်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ အဲဒါက နေမာအတွက် ပရီးမီးယားလိဂ်ကို သွားဖို့ တံခါးပွင့်လာနိုင်ပါတယ်။ ဒီလို အခင်းအကျင်းမှာ မန်စီးတီးက နေမာအတွက် ပြီးပြည့်စုံတဲ့ကလပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံတယ်"

"ဘာလို့လဲဆိုတော့ သူ့ကို အောင်မြင်မှုရရှိဖို့ ပိုကောင်းမွန်တဲ့အခွင့်အရေးပေးမှာဖြစ်ပြီး နည်းပြဟောင်း ဂွါဒီယိုလာလက်အောက်မှာ အရမ်းကောင်းတဲ့ ဘောလုံးကို ကစားနေတဲ့ တိုက်စစ်အရမ်းအားသန်တဲအသင်းမှာ သူ ကစားရမှာမို့လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။ နေမာဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနေခဲ့တဲ့ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က