အာရှချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ဆုံနေတာပါ။

ဆော်ဒီကလပ် အယ်လ်ဟီလယ်ကတော့ အာရှချန်ပီယံလိဂ်မှာ အိန္ဒိယကလပ် မွမ်ဘိုင်းစီးတီး၊ အီရန်ကလပ် နာဆာဂျီ၊ ဥဇဘက်ကလပ် နာဘာဟော်တို့နဲ့ တအုပ်စုတည်း ကျရောက်နေခဲ့ပါတယ်။ ဒါဟာ နေမာတယောက် အိန္ဒိယကို သွားပြီးတော့ ကစားရတော့မယ့်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး အိန္ဒိယဘောလုံးပရိသတ်တွေအတွက်တော့ နေမာကစားတာကို မြင်တွေ့ခံစားရတော့မှာလည်း ဖြစ်ပါတယ်။ 

အိန္ဒိယမှာ ဘရာဇီးလ်ပရိသတ်အများအပြားရှိပြီး နေမာကို အရူးအမူးအားပေးသူတွေလည်း သန်းနဲ့ချီပြီးတော့ကို ရှိနေတာပါ။ ဒါကြောင့် မွမ်ဘိုင်းစီးတီးနဲ့ ကစားရမယ့် ပွဲကို အားလုံးက စိတ်ဝင်စားနေမှာ သေချာနေပြီဖြစ်ပြီး အိန္ဒိယမီဒီယာတွေက အခုဆိုရင် ဒီသတင်းကို အသားပေးဖော်ပြနေကာ သူတို့ပရိသတ်​ေတွေအတွက် စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ 

နေမာအပြင် ကူလီဘလီ၊ ရူဘင်နီဗက်စ်၊ မယ်လ်ကွန်၊ မီထရိုဗစ်၊ မီလင်ကိုဗစ်ဆာဗစ်တို့လို ဥရောပနာမည်ကျော်ကစားသမားတွေ၊ ဆော်ဒီကြယ်ပွင့် အယ်လ်ဒေါ်ဆာရီ၊ ပရီးမီးယားလိဂ်ဂိုးသမားဟောင်းကြီး အယ်လ်ဟက်ဘ်စီတို့ကိုလည်း မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ 

အိန္ဒိယစူပါလိဂ်ရဲ့ လိဂ်အဆင့်အတန်းမြင့်မားလာမှုနဲ့အတူ အာရှချန်ပီယံလိဂ်အဆင့်အထိ တိုးပေါက်လာခဲ့တဲ့ အကျိုးဆက်ဟာ နာမည်ကျော်ကစားသမားတွေနဲ့ ရင်ဆိုင်ရဖို့အထိ ဖြစ်လာခဲ့ပါတယ်။ ဆော်ဒီလိဂ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကို အိန္ဒိယဘောလုံးပရိသတ်တွေ သေချာပေါက် စောင့်မျှော်နေမှာဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေမယ်ဆိုတာလည်း မေးခွန်းထုတ်စရာလိုမယ်မထင်တော့ပါဘူး။ 

Share

Loading Next Article...
က္က