နယူးကာဆယ်ကိုလာကစားဖို့အတွက် ဖိတ်ခေါ်ခဲ့တာပါ။

နယူးကာဆယ်အသင်းတိုက်စစ်မှူးဂျိုလင်တန်ကတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမာကို နယူးကာဆယ်မှာ လာကစားဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။ ပီအက်စ်ဂျီနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ နေမာကို ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့က စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေချိန်မှာ ဂျိုလင်တန်က သူ့ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ 

ဘရာဇီးလ်သားတဦးပဲဖြစ်တဲ့ ဂျိုလင်တန်ကတော့ နယူးကာဆယ်မှာ ဘရူနိုဂွီမာရေ့စ်နဲ့အတူ ကစားနေတာဖြစ်ပြီး သူလေးစားအားကျရတဲ့ နေမာကိုပါ ရောက်ရှိလာစေချင်နေတာပါ။ Cast FC podcast ကတဆင့် ဂျိုလင်တန်က "သူ့အတွက် ကျနော်တို့နေရာတခုပေးနိုင်ပါတယ်၊ တကယ်လို့ သူ ရောက်လာခဲ့မယ်ဆိုရင်ပေါ့... အဲဒါကိုတော့ ကျနော်မရှင်းပြနိုင်ဘူး"

"သူက ကျနော်လေးစားအားကျရတဲ့သူပါ၊ ကမ္ဘာ့ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်၊ ဒါကြောင့် သူ့ကို ဖိတ်ခေါ်ပါတယ်၊ နေမာ၊ တကယ်လို့ ဒီအစီအစဉ်ကို မင်းကြည့်နေမယ်ဆိုရင် မင်း လာနိုင်ပါတယ်၊ နံပါတ် ၁၀ ဂျာစီက မင်းကို စောင့်ဆိုင်းနေပါတယ်၊ ကျနော် ဘရူနိုဆီကိုလည်း မက်ဆေ့တစောင့်ပို့ခဲ့ပါတယ်"

"သူက နေမာနဲ့ အဆက်အသွယ်ရှိတယ်၊ ဒီကို နေမာလာကစားဖို့အတွက် သူ မက်ဆေ့ချ်တစောင်လောက်တော့ ပို့လို့ရတာပေါ့" လို့ ပြောဆိုခဲ့ပါတယ်။ နယူးကာဆယ်ကတော့ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာ ဆော်ဒီသူဌေးတွေဝယ်ယူခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံးအသင်းတွေထဲက တသင်းအဖြစ်ရပ်တည်လာနိုင်ခဲ့ပြီး ကစားသမားကောင်းတွေကို ဆက်တိုက်ခေါ်ယူနေတဲ့အသင်းဖြစ်ပါတယ်။ 

နေမာအတွက် မြင့်မားတဲ့လုပ်ခလစာကို ပေးချေနိုင်တဲ့အသင်းတွေထဲ တသင်းလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ အင်အားကြီးမားလာအောင် ပြန်လည်ကြိုးစားနေတာဖြစ်ပြီး နည်းပြအက်ဒီဟိုဝီလက်ထက်မှာ ကောင်းမွန်တဲ့ ပုံစံတခုကို ပြန်လည်မြင်တွေ့နေရပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က