ဘောလုံးသမိုင်းတလျှောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၇ ခုနှစ်မှာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာကို ခန့်မှန်းခြေ ယူရိုသန်း ၂၂၀ နဲ့ ခေါ်ယူခဲ့ချိန်မှာ ဘောလုံးသမိုင်းတလျှောက် ဈေးအကြီးဆုံး အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း El Reforma ရဲ့ ဖော်ပြချက်အရ ပြင်သစ်လီဂူးဝမ်းကလ်အသင်းဟာ နေမာကို ခေါ်ယူနိုင်ဖို့အတွက် စုစုပေါင်း ကုန်ကျစရိတ်ဟာ ယူရိုသန်း ၅၀၀ ကျော်အထိ မြင့်တက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ နေမာရဲ့ တစ်နှစ်လုပ်ခလစာ ယူရို ၄၃ သန်းအပြင် အခွန်ကုန်ကျစရိတ်နဲ့ ပုံရိပ်အသုံးပြုခွင့် လွဲှပြောင်းပေးမှုတွေ ပြုလုပ်ပေးရမှာဖြစ်ပြီး အဲဒီအပြင် နေမာရဲ့ ကိုယ်စားလှယ်တွေဟာ သဘောတူညီမှုရဲ့တစိတ်တပိုင်းအဖြစ် ယူရိုသန်း ၅၀၀ ဆုကြေးငွေပေးဖို့ ညှိနှိုင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။


နေမာကို ထိန်းသိမ်းထားတာက သိသာထင်ရှားတဲ့ ကုန်ကျစရိတ်တွေရှိနေပေမယ့်လည်း အသင်းနဲ့ ၎င်းရဲ့ ပရိသတ်တွေဟာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ မကြာခဏ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို ကာလရှည် လွဲချော်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ရည်မှန်းချက်တွေနဲ့ မကိုက်ညီတဲ့ လူနေမှုဘဝပုံစံ ရွေးချယ်မှုတွေအတွက်လည်း ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

အဲဒီအပြင် နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ဆောင်းရာသီအားလပ်ရက်မတိုင်ခင်တုန်းက ပြသခဲ့တဲ့ခြေစွမ်းအတိုင်း ပြန်လည်ပြသနိုင်ခြင်းမရှိခဲ့ဘဲ ပီအက်စ်ဂျီအတွက် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ဂိုးပေါက်ရှာမတွေ့ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် ဂိုးသွင်းယူပေးရမယ့်အစား ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့မှုကြောင့် အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ တောင်းဆိုသံတွေက မြင့်တက်လာခဲ့တယ်လို့ Le10 Sport က ဖော်ပြခဲ့ပါတယ်။


ပြင်သစ်မီဒီယာတွေကလည်း နေမာရဲ့ စွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး RMC Sport သတင်းဌာန အယ်ဒီတာဆိုရင် ဘရာဇီးလ်တိုက်စစ်မှူးဟာ သမိုင်းမှာ အကြီးမားဆုံး အရှုံးသမားလို့တောင် သမုတ်ခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ နေမာက ကစားသမားသစ်ခေါ်ယူမှုနဲ့ လစာအပိုင်းမှာ ဘောလုံးလောကရဲ့ အကြီးမားဆုံး အရှုံးသမားဆိုတာ သိကြပြီလား။ သူ့အတွက် ကုန်ကျခဲ့တာတွေအတွက် ဒီထက်ပိုပြီး ကြီးမားတဲ့ အရှုံးသမားကို ကျွန်တော် တွေးလို့မရနိုင်ဘူး။ အဲဒါက ဆိုးရွားလိုက်တာ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က